DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အိုမီခရွန်ကူးစက်သူ ၂၀၀ ကျော်လာ
DVB
·
December 24, 2021
ထိုင်းတွင် အိုမီခရွန်ကူးစက်သူ  ၂၀၀ ကျော်လာ
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်ခံရသူ ၂၀၅ ဦး ရှိလာပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ 

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာအနုထင်း ချိုင်း ဝီရကွန်းက ဒီကနေ့မနက် ကိုဗစ်-၁၉ အခြေအနေနဲ့ပတ်သက်တဲ့အစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။ 

ကူးစက်သူ ၂၀၀ ကျော်ထဲမှာ ဘယ်လ်ဂျီယံနိုင်ငံကနေပြန်လာတဲ့ ကားလားဆင်ခရိုင်မှ လင်မယားစုံတွဲကနေ အများဆုံးကူးစက်ပြန့်ပွားခဲ့ကြောင်း၊ သူတို့ရဲ့ ပေါ့ဆမှုကြောင့် ဥဒွန်းဌာနီခရိုင်က သမီးနဲ့သားမက်၊ စားသောက်ဆိုင်အလုပ်သမား ၁၉ ဦးကို ကူးစက်ခဲ့ကြောင်း၊ ဒီကေ့စ်မှာ ထပ်ဆင့်ကူးစက်ခံရသူ ၂၂ ဦးရှိပြီး ထိစပ်ဆက်နွှယ်သူ ၁၀၀ ကျော်ရှိသေးတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကွာရန်တင်းဝင်တဲ့ ဟိုတယ်ကနေ ထွက်ပြေးသွားတဲ့ အစ္စရေးနိုင်ငံသား တစ်ယောက်ကိုလည်း ရှာဖွေလျက်ရှိကြောင်း၊  ဒါကြောင့် ASQ  နိုင်ငံခြားသားကွာရန်တင်း ဝင်သူများထားရှိတဲ့ ဟိုတယ်တွေအနေနဲ့ မိမိထံလာတည်းသူတွေကို အထူးသတိထား စောင့်ကြည့်ရမှာ ဖြစ်ပြီး အခုလို ထွက်ပြေးပါက ဟိုတယ်မှာလည်း တာဝန်ရှိတယ်လို့ ဒေါက်တာ အနုထင်းက ပြောပါတယ်။

သက်ဆိုင်ရာခရိုင်ဝန်နဲ့ ခရိုင်ကျန်းမာရေးဌာနများကိုလည်း အထူးသတိထားကြဖို့၊၊ မိမိခရိုင်ထဲမှာ အခြေအနေမကောင်းရင် နှစ်သစ်ကူးပွဲတော်၊ ညလုံးကျွတ်ရွတ်ဖတ်သရဇာယ် နှစ်သစ်ကြိုအစီအစဉ်တွေ ရုပ်သိမ်းတန်ပါက ရုပ်သိမ်းဖို့၊ ပွဲကျင်းပလျှင်လည်း ကျန်းမာရေးဌာနကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီဆောင်ရွက်ဖို့၊ စည်းကမ်းချိုးဖောက်ပါက ပွဲကို တခါတည်း ပိတ်သိမ်းမိန့်ပေးနိုင်တယ်လို့ ပြောပါတယ်။ 

အထူးသဖြင့် လူစုလူဝေးရှောင်ကြဉ်ဖို့၊ လူတိုင်းအနေနဲ့လည်း မာ့စ်တပ်၊ လက်ဆေး၊ တဦးနဲ့တဦး ခပ်ခွါခွါနေ၊ ပွဲမဝင်ခင် ATK နဲ့ ကိုဗစ်-၁၉ စစ်ဆေး၊ အရက်ပုလင်း၊ ခွက်၊ ဇွန်းတွေ ပေါင်းပြီးမသုံးဖို့ သတိပြုကြရမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၆၇၁ ဦး၊ သေဆုံးသူ ၂၇ ဦး၊ ဧပြီ ၁ ရက်ကနေ ဒီနေ့ထိ ကူးစက်ခံရသူပေါင်း ၂၁၇၅၈၀၉ ဦး၊ သက်သာပျောက်ကင်းသူ ၂၁၁၇၅၂၆ ဦး၊ သေဆုံးသူပေါင်း ၂၁၅၂၈ ဦးရှိတယ်လို့ ထိုင်းကိုဗစ်-၁၉ စင်တာက ထုတ်ပြန်ထားပါတယ်။ 

ကိုးကား - နေရှင်း/ ဝေါ့ခ်ပွိုင့် ထိုင်းသတင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013