DVB Logo
Home
မြန်မာသတင်း
စမ်းမြို့ကျေးရွာက နေအိမ် ၃၀ ကျော်မီးရှို့ခံရသည့် ပြည်သူများ အကူအညီလိုအပ်
DVB
·
December 24, 2021
စမ်းမြို့ကျေးရွာက နေအိမ် ၃၀ ကျော်မီးရှို့ခံရသည့် ပြည်သူများ အကူအညီလိုအပ်
1 / 4
Donate to DVB

စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ခဲ့ရတဲ့ ဂန့်ဂေါမြို့နယ် စမ်းမြို့ကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ် စမ်းမြို့ကျေးရွာကို ဒီဇင်ဘာ  ၂၁ ရက်မှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်နဲ့ ပျူစောထီး ၅၀ လောက်က ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စမ်းမြို့ရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ရွာထဲပြန်လာဖို့ လှမ်းခေါ်တာကို ပြန်မဝင်တဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးနှိပ်စက်မှာကို စိုးရိမ်တာကြောင့် စမ်းမြို့ကျေးရွာက အိမ်ခြေ ၂၀၀ ကျော်နဲ့ အနီးဝန်းကျင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီလိုအပ်နေတာပါ။

ဂန့်ဂေါမြို့နဲ့ ကျောမြို့နဲ့ကြားမှာလည်း ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီယာဥ်တန်း ၂၄ စီးကို YDF တပ်ဖွဲ့က မိုင်းဆွဲပြီး လက်လုပ်လောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်လောက်သေဆုံးနိုင်တယ်လို့ YDF တပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013