DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် နေအိမ် ၃၀ကျော် မီးရှို့ဖျက်ဆီးခံရ
DVB
·
December 24, 2021
ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် နေအိမ် ၃၀ကျော် မီးရှို့ဖျက်ဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းက နေအိမ် ၃၀ ကျော်ကို မီးရို့ဖျက်ဆီးသွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ဒေသခံ PDF နဲ့ စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးချိန်မှာ စစ်ကောင်စီက နေအိမ်တွေကို လိုက်လံမီးရှိ့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

နတ်ချောင်းကျေးရွာကို မနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာတော့ လူနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနက်ပိုင်းက တိုက်ပွဲ အပြင်းအထန်ဖြစ်ကြတယ်၊ အခြေအနေကတော့ပြင်းထန်နေပါတယ်။ စစ်တပ်က လေယာဉ်တွေသုံးပြီးတော့ တိုက်ခိုက်တယ်။ ရွာထဲကို ပစ်တာ သူတို့က ဘယ်သူ့ကိုပစ်တယ်လို့လည်း မဟုတ်ဘူး အကုန်ပစ်ခတ်တာ။ လေယာဉ်ကလား နှစ်စီး သုံးတာမြင်တယ်၊ လက်ရှိအချိန်ထိ သိရတာကတော့ အိမ်ခြေ ၃၀ လောက်မကတဲ့ထိ မီးရှို့သွားကြတယ်။ ည ၆ နာရီကျော်တဲ့အထိ မီးရှို့နေသေးလို့ ကျနော်တို့လည်း ထွက်ပြေးနေရတုန်းပဲ၊ သေတဲ့သူတွေ ရှိနိုင်တယ်။”

တိုက်ပွဲအတွင်းမှာ ထိမှန်သေဆုံးသူတွေလည်းရှိနိုင်ပြီး သေဆုံးသူအတိအကျကိုတော့ မသိနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

တိုက်ပွဲဟာ ကလေး PDF အဖွဲ့ဝင်တွေနဲ့ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ သိရပါတယ္။

ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် နတ်ချောင်း၊ နတ်မြောင်းနဲ့ ချောင်းခွ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

နတ်ချောင်းကျေးရွာတဝိုက်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး ဖုန်းပြောဖို့အတွက် အော်ရီဒူးဖုန်းလိုင်းသာမိတယ်လို့ သိရပါတယ်။ နတ်ချောင်းကျေးရွာဟာ ကလေး- ဂန့်ဂေါ လမ်းမပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးမြို့ စမ်းမြို့ရပ်ကွက်က ခရိုင်ပညာရေးရုံးဟာလည်း ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီကျော်က စတင်မီးလောင်ကျွမ်းခဲ့ပြီး  သေနတ်သံတွေ ဆူညံစွာကြားနေရတယ်လို့ ပြည်သူတွေ အပြင်မထွက်ရဲကြကြောင်း မီးဘယ်လို လောင်ကျွမ်းခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

မီးလောင်မှုကို မီးသတ်ကား ၃ စီးက လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး အဲဒီ ပညာရေးရုံးဟာ နွေရာသီတုန်းက ဗုံးတစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013