DVB Logo
Home
မြန်မာသတင်း
ဖူးကတ်မှာ အလုပ်မဆင်းပဲ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေ ထိုးကြိတ်ခံရ
DVB
·
January 24, 2014
ဖူးကတ်မှာ အလုပ်မဆင်းပဲ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေ ထိုးကြိတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံ ဖူးကတ်မှာ အလုပ်မဆင်းပဲ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်ရဲ့ လုံခြုံရေးအစောင့်တွေအကြား ပဋိပက္ခ ဖြစ်ပွားပြီး ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့လို့ မြန်မာအလုပ်သမား ၂ ဦး ဒဏ်ရာရသွားပါတယ်။

[caption id="attachment_38867" align="alignleft" width="522"]ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရစဉ် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရစဉ်[/caption]ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကတ်ခရိုင် က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နှစ်နိုင်ငံ သဘောတူညီချက် (MOU)နဲ့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၁၅၀ လောက်ဟာ အချိန်ပိုကြေးအပါအ၀င် စာချုပ်ပါ အလုပ်သမားရပိုင်ခွင့်တွေ အပြည့်အ၀ မရတဲ့အတွက် မကျေနပ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ကတည်းက ဆန္ဒပြတဲ့အနေနဲ့ အလုပ်မဆင်းဘဲ နေနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်က ဖူးကတ်က ၀ပ်ထစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာ အလုပ်သ မားတွေကို အလုပ်ရှင်ရဲ့ ထိုင်းလုံခြုံရေးအစောင့် ၀န်ထမ်းတွေက လာရောက် ထိုးကြိတ်ခဲ့လို့ မျက်နှာမှာ ဒဏ်ရာရသွားတဲ့အကြောင်း ထိုးကြိတ်ခံခဲ့ရတဲ့ အလုပ်သမား ၂ ဦးထဲက တဦးဖြစ်သူ ဦးဆန်းမင်းထွန်းက ပြောပါတယ်။
“ကျနော်တို့ကို လာပြီးဝင်ထိုးတာ။ ထိုးပြီးတော့ သေနတ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ တယောက်က နှုတ်ခမ်းပေါက်တယ်။ တယောက်က မျက်နှာရောင်သွားတယ်။ ကျနော့်ကိုတော့ ၁၀ ချက်လောက် ထိုးတယ်။”

ဒီ အလုပ်သမားတွေဟာ မြန်မာနိုင်ငံက ပုလဲမိုး အလုပ်သမားအကျိုးဆောင်လုပ်ငန်းရဲ့ အစီအစဉ်နဲ့ ဖူးကတ်မှာရှိတဲ့ ပန်နဆွန်ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးအလုပ်ခွင်တွေမှာ အလုပ် လုပ်ကိုင် နေကြရတာ ဖြစ်ပါတယ်။

ဒီကုမ္ပဏီရဲ့ လုပ်ငန်းခွင်တခုဖြစ်တဲ့ မက်ခရိုဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတဦးဖြစ်သူ ဦးကျော်သူကလည်း အလုပ်သမားတွေ ဆန္ဒပြရခြင်း အကြောင်းရင်းနဲ့ သူတို့ရဲ့ လိုလားချက်တွေကို ခုလိုပြောပါတယ်။

“အလုပ်သမားတယောက်ကို တနေ့ကို လုပ်အားခ ၃၀၀ ဘတ်၊ အိုတီက ၅၆ ဘတ်၊ ရေကြေး၊ မီးကြေး တလကို ၄၀၀ ဘတ်၊ အလုပ်သမားကတ်ကြေးနဲ့ ပတ်စ်ပို့ကြေး နှစ်ခု ပေါင်းကို ၁၀၀၀ ပေးရမယ်လို့ ပြောသွားခဲ့တာပဲ။ လက်ရှိ ကြားနေတာက အိုတီက ၁ နာရီကို ၃၇ ဘတ်ပဲ ရမယ့်အပြင် ပတ်စ်ပို့ငွေကြေးက ၁၉၅၀၀ ဘတ် ဖြတ်မယ်လို့ ထိုင်းသူဌေးတွေဘက်က ပြောပါတယ်။ လက်ရှိက အလုပ်အားလုံးနားပြီးတော့ ဆန္ဒပြနေကြတာပါ။ အင်္ဂါနေက စပြီးတော့ ဒီနေ့အထိ ပြနေတုန်းပဲ။ အထက်ကလူကြီးတွေ လာဖြေမရှင်းပေးမချင်း အေးဆေးပဲ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်လို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ လိုချင်တဲ့အချက်က ၁ အချက်က ပတ်စပို့တွေကို လက်ထဲမှာ ကိုင်ထားချင်တယ်။ ၂ အချက်ကတော့ ထိုင်းနိုင်ငံ မြန်မာနိုင်ငံ သတ်မှတ်ထားတဲ့ ပတ်စပို့ကြေးကို ၁ သောင်းထက်ပိုပြီး မတောင်းစေချင်ဘူး။”

ထိုင်းကုမ္ပဏီလုံခြုံရေးအစောင့်တွေနဲ့ ပြဿနာဖြစ်ခဲ့တဲ့ အလုပ်ခွင်ကိုတော့ ဒီမနက်က ထိုင်းရဲတွေ ရောက်လာကာ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး မနက်ဖြန် အလုပ်မဆင်းရင် နေရာက နှင်ထုတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုသွားခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အလုပ်ရှင်ကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ကျနော်အလုပ်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်။ ထိုးကြိတ်တာတော့ ကျနော့်ကို မတိုင်ပါဘူး။ ကျနော်ကိုတိုင်တာ ၀န်ဆောင်ခ ပိုဖြတ်တဲ့ဟာ တိုင်ထားတယ်။ အလုပ်ရှင်က ဖုန်းမကိုင်ဘူးဖြစ်နေတယ်။”

မြန်မာအလုပ်သမားတွေကတော့ တောင်းဆိုချက်တွေ မရမချင်း အလုပ်မဆင်းပဲ ဆက်လက် ဆန္ဒပြမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013