
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်ခင်စောဌေး အသက် ၆၇ နှစ်ဟာ ဇန်န၀ါရီ ၂၂ ရက်နေ့က မကွေးတိုင်း ရေနံချောင်းမြိုမှာ ကွယ်လွန်ပြီး ကြွင်းကျန်တဲ့ ရုပ်အလောင်းကို ဇန်န၀ါရီ ၂၂ ရက်နေ့ညနေမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဒေါ်ခင်စောဌေးဟာ န၀တ၊ နအဖစစ်အစိုးရလက်ထက် တလျှောက်လုံး ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ယုံကြည်ချက်အတွက် တစိုက်မတ်မတ် ရပ်တည်လှုပ်ရှားခဲ့သူ ဖြစ်ပြီး မကွေးတိုင်း အန်အယ်လ်ဒီပါတီရဲ့ အမျိုးသမီးခေါင်းဆောင်ဟောင်းတဦး ဖြစ်ပါတယ်။
ရေနံချောင်းမြို့နယ်က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင့်လွင်ကို ဒီဗွီဘီက မေးမြန်း ထားပါတယ်။
အပြည့်အစုံကို နားဆင်နိုင်ပါတယ်။










