DVB Logo
Home
Lead Story
စကိုင်းနက်က ချန်ပီယံလိဂ်ကို ၂၀၁၇-၁၈ အထိ လွှင့်မည်
DVB
·
January 24, 2014
စကိုင်းနက်က ချန်ပီယံလိဂ်ကို ၂၀၁၇-၁၈ အထိ လွှင့်မည်
Donate to DVB

ဂြိုလ်တုကနေ လွှင့်ထုတ်ပေးနေတဲ့ စကိုင်းနက် အခပေး ရုပ်သံ ကုမ္ပဏီဟာ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ဘောလုံးပွဲစဉ်တွေကို လာမယ့် ၂၀၁၇ - ၁၈ ခုနှစ်အထိ နောက်ထပ် ၃ နှစ် ထုတ်လွှင့်ခွင့် ရရှိခဲ့တယ်လို့ MNTV ချန်နယ် တာဝန်ရှိသူ ကိုရဲမင်းဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

skynetစကိုင်းနက်ဟာ နဂိုက ချန်ပီယံလိဂ် အပါအ၀င် ဥရောပဘောလုံးပွဲစဉ်တွေကို ၂၀၁၂ ကနေ ၂၀၁၅ အထိ စာချုပ်ချုပ် ထုတ်လွှင့်ခွင့် ရရှိထားပြီး အခု နောက်ထပ် ၃ နှစ် စာချုပ်ချုပ်နိုင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာပြည်မှာ လူကြိုက်အများဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေကို မြန်မာနိုင်ငံနဲ့ ဒေသတွင်း ထုတ်လွှင့်ခွင့် တဦးချင်းမူပိုင် ရရှိခဲ့တာကြောင့် စကိုင်းနက် အခပေး ဂြိုလ်တုရုပ်သံလိုင်း ကြည့်ရှု့သူ အရေအတွက် တိုးတက်လာပါတယ်။

စကိုင်းနက်ဟာ ပြီးခဲ့တဲ့နှစ် ဂျပန် အန်အိတ်ခ်ျကေ ချန်နယ် ထုတ်လွှင့်မှု မိတ်ဆက်ပွဲမှာ ကြည့်ရှုသူ စုစုပေါင်း ၂ သိန်းဝန်းကျင်ရှိတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ဖူးပေမယ့်
နောက်ပိုင်း ကြည့်ရှု့သူ ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013