DVB Logo
Home
Lead Story
ကြယ် ၂ ပွင့်အဆင့် အဲပုဂံ လုံခြုံမှု စိတ်ချရဟု ပြော
DVB
·
January 24, 2014
ကြယ် ၂ ပွင့်အဆင့် အဲပုဂံ လုံခြုံမှု စိတ်ချရဟု ပြော
Donate to DVB

လေကြောင်းလိုင်း အဆင့်သတ်မှတ်တဲ့ www. airlinerating.com ရဲ့ အဆင့် သတ်မှတ်ချက်အရ အဲပုဂံဟာ ကြယ် ၂ ပွင့်အဆင့်ပဲ ရပေမယ့် လုံခြုံစိတ်ချရမှု ရှိတယ်လို့ အဲပုဂံက သတင်းထုတ်ပြန်ပါတယ်။

air baganအဆိုပါ ၀က်ဘ်ဆိုက်ရဲ့ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးဟာ ကြယ် ၇ ပွင့် ဖြစ်ပေမယ့် မြန်မာနိုင်ငံက ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း လုံခြုံစိတ်ချရမှု (အိုင်အိုအက်စ်အေ)ရဲ့ အစစ်ဆေး မခံရသေးခြင်း၊ အိုင်အိုအက်စ်အေရဲ့ စစ်ဆေး မှုမှာလည်း မြန်မာနိုင်ငံဟာ သတ်မှတ်ချက် မပြည့်မီခြင်း စတဲ့အချက်တွေကြောင့် လေကြောင်း လိုင်း အားလုံး ကြယ် ၄ ပွင့် မရခဲ့ခြင်း ဖြစ်ကြောင်း ဒါကြောင့် မြန်မာပြည်တွင်းက လေကြောင်းလိုင်း အားလုံးရဲ့ အမြင့်ဆုံး သတ်မှတ်ချက်ဟာ ကြယ်ပွင့် ၃ ပွင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၀က်ဘ်ဆိုက်သတ်မှတ်ချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း လူအသေအပျောက် ရှိတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ရင် ကြယ် ၁ ပွင့် လျော့ချတဲ့ သတ်မှတ်မှုအရ အဲပုံဂံဟာ ကြယ် ၂ ပွင့်ပဲ ရကြောင်း၊ ဒါပေမယ့် အခြားပြည်တွင်း လေကြောင်းလိုင်းတွေနည်းတူ စိတ်ချရမှု ရှိပါ ကြောင်း ရှင်းလင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013