DVB Logo
Home
မြန်မာသတင်း
အချိန်ကာလတခုပေးပြီးမှ ဆိုင်ခန်းငှားခ ဈေးတက်ဖို့ ယုဇနပလာဇာဈေးသူဈေးသားတွေပြော
DVB
·
January 24, 2014
အချိန်ကာလတခုပေးပြီးမှ ဆိုင်ခန်းငှားခ ဈေးတက်ဖို့ ယုဇနပလာဇာဈေးသူဈေးသားတွေပြော
1 / 4
Donate to DVB

မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာဈေး ဆိုင်နေရာငှားခတွေ အချိန်ကာလ တခုပေးပြီးမှ ဈေးတက်ဖို့ သင့်တယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

ဆိုင်ခန်းငှားခ ထပ်တိုးကောက်ခံမယ့်အကြောင်း ကြိုတင် အကြောင်းကြားသော်လည်း ဈေးတာဝန်ရှိသူတွေက ဆိုင်ခံတွေရဲ့ ရောင်းဝယ်မှုအခြေအနေကို ကြည့်ပြီး ညှိနှိုင်းမှု မရှိဘူးလို့ ယုဇနပလာဇာ ဈေးသူဈေးသားတွေက ပြောပါတယ်။

Yuzana Plazaအချိန်ကာလတခုပေးပြီး ဆိုင်ခန်းငှားခ ထပ်တိုးကောက်ခံတာကို ကြိုးစားပြီး ညှိနှိုင်းပေးဖို့ ယုဇနကုမ္ပဏီပိုင်ရှင်တွေနဲ့ တွေ့ဖို့ တောင်းဆိုထားတယ်လို့ ယုဇနပလာဇာ ပထမထပ်မှာ သင်းစိန်ရွှေရတနာဆိုင်ပိုင်ရှင်ဦးကျော်အောင်က အခုလိုပြောပါတယ်။

“ကောင်တာ ပုံးတွေကို ၁ သောင်းခွဲ တက်တာကြားတယ်။ ကောင်တာပုံးက ၂ မျိုးရှိတယ်။ အကွေ့ပုံးက ၂ သောင်းခွဲလို့ ကြားတယ်။ ဆိုင်ခန်း အကြီးတွေက သိန်းဂဏန်းအထိ တက်တယ်။ တက်တာက နေရာတွေ ပုံစံတွေတော့ မတူဘူးပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဈေးသူဈေးသား တွေအနေနဲ့ ကုမ္ပဏီပိုင်ရှင်နဲ့ တွေ့ပြီး ကြိုးစားပြီး ညှိနှိုင်း ဖို့ တောင်းဆိုထားတာရှိတယ်။ ဒီကာလ လေးထဲမှာ ညှိနှိုင်းပေးဖို့ပေါ့။ ဈေးနှုန်းတက်တာ စောလွန်းတယ်။”

ယုဇနပလာဇာဈေးဟာ တနင်္လာနေ့တိုင်း ပိတ်ရက် သတ်မှတ်တဲ့ဈေး ဖြစ်ပါတယ်။ အရောင်းအ၀ယ်အခြေအနေကြောင့် ဈေးသူဈေးသားအချို့က ၁ ပတ်လုံး ဈေးဖွင့်ပေးဖို့ တောင်းဆိုလိုက်ပြီးနောက်ပိုင်း အပေါ်ထပ်ဆိုင်ခန်းတွေ ဖွင့်ခွင့်ရပြီး ဆိုင်နေရာငှားခနှုန်းထားတွေ ထပ်တိုးကောက်ခံလာတာ ဖြစ်တယ်လို့ ကမ့် ဖက်ရှင်ဆိုင် ဦးမောင်မောင်က အခုလိုပြောပါတယ်။
“ဈေးဖွင့်ဖို့အတွက် တောင်းဆိုတော့ ကျနော်တို့ ဈေးကို ဖွင့်ပေးဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် အပေါ်ထပ်ပဲဖွင့်တယ်။ အောက်ထပ်က မဖွင့်ပေးသေးဘူး။ အောက်ထပ်က ပိတ်ထား တုန်းပဲ ရှိသေးတယ်။ ကျနော်တို့ အပေါ်ထပ်ကို ဖွင့်ပေးတုန်းပဲရှိသေးတယ် လစာကို သူတို့က တက်လိုက်တယ်။ အခုဆိုင်ခန်းသေးသေးလေးကို တလကို ၇ သိန်းလောက်ကြတယ်။ မနက် ၉ နာရီ ညနေ ၅ နာရီခွဲ လောက်ပဲ ဖွင့်တယ်။”

ဈေးဆိုင်ခန်းငှားခတွေ ထပ်တိုးကောက်ခံတာနဲ့ ပတ်သက်ပြီး အခန်းငှားထားတဲ့ အခြေအနေပေါ် မူတည်ပြီး တချို့ဆိုင်ခန်းတွေ ဈေးနှုန်းတက်တာမျိုး ရှိတယ်လို့ ယုဇနပလာဇာ ဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူက အခုလိုဖြေကြားခဲ့ပါတယ်။
“တဦးချင်းပဲ ဖြေရှင်းပေးနေတာပဲ။ တဦးချင်းပဲ ငှားတဲ့အတွက်ကြောင့် ဆိုင်ခန်း တဦးချင်းဆီပဲ လာပြီး ဖြေရှင်းလို့ ရတာပေါ့။ အဆင်မပြေတာတွေ လာဆွေးနွေးလို့ရတယ်။ အစ်မတို့ဆီမှာ တက်တဲ့ဆိုင်ခန်းရှိတယ်။ မတက်တဲ့ ဆိုင်ခန်းတွေရှိတယ်။”
ယုဇနပလာဇာရဲ့ ဆိုင်ခန်းငှားခ ဈေးနှုန်းတွေက တခြားဈေးတွေထက် ပိုပေးနေရပြီး ဈေးပိတ်ရက်ယူဖို့ ညှိနှိုင်းမှုမှာ ပြဿနာတွေလည်း ရှိနေသေးတယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013