DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အိုမီခရွန်ပိုးတွေ့သူများလာသဖြင့် နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု ယာယီပိတ်
DVB
·
December 21, 2021
ထိုင်းတွင် အိုမီခရွန်ပိုးတွေ့သူများလာသဖြင့် နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု ယာယီပိတ်
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ မျိုးကွဲဗီဇသစ် အိုမီခရွန်ပိုးတွေ့သူအရေအတွက် တရှိန်ထိုး များလာတဲ့အတွက် ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကစ နိုင်ငံခြားဧည့်သည်တွေ ဝင်ရောက်ခွင့် ယာယီပိတ်ပင်ထားမယ်လို့  ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ 

ဒီကနေ့ မွန်းလွဲပိုင်း ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲရေး ဗဟိုကော်မတီအ စည်းအဝေးအပြီးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယုဒ်ကျန်အိုးချားက သတင်းစာ ရှင်လင်းပြောကြားခဲ့ပါတယ်။ 

ဒီမတိုင်ခင်က နိုင်ငံခြားကနေ ထိုင်းကိုလာဖို့ ကြိုတင်မှတ်ပုံတင်ထားသူ ၂ သိန်းကျော်ရှိ ကြောင်း၊ ၁သိန်း ၁ သောင်းကျော်က ဝင်လာခဲ့ပြီးဖြစ်ပြီး နောက်ထပ်လာမယ့် ၉ သောင်း ကျော်ကိုတော့  ဝင်ခွင့်ပြုမှာဖြစ်ကြောင်း၊  ဒါပေမဲ့ test & go ( ကွာရန်တင်းဝင်မစရာမလို) တဲ့ စနစ် ဖျက်သိမ်းပြီး နိုင်ငံထဲဝင်လာရင် အရင်ပုံစံအတိုင်း ကွာရန်တင်းဝင်ရမယ်၊  ဝင်လာပြီးသူတွေကို  ကိုဗစ်-၁၉ ကာကွယ်စစ်ဆေးမှု ပိုမိုကြပ်မတ်ရမယ်လို့ ဆိုပါတယ်။ 

လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ နိုင်ငံခြားကနေ ဝင်ရောက်လာခွင့် မှတ်ပုံတင်တာတွေ၊ sand box အစီအစဉ်နဲ့ ဝင်လာတာတွေကို ပိတ်ပင်ထားမှာဖြစ်ပြီး အိုမီခရွန်ကူးစက်မှုအခြေအနေပေါ်မူတည်ကာ လက်ခံ/မခံကို  ပြန်စဉ်းစားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 

၂၀၂၂ နှစ်သစ်ကူးပွဲတော်အစီအစဉ်ကိုတော့ မဖျက်သိမ်းကြောင်း၊ ဒါပေမဲ့ လူထုကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကျင်းပရမယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ 

ထိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က အိုမီခရွန်ပိုးရှိသူ ၉ ဦးရှိကြောင်းအတည်ပြုခဲ့ပြီး မနေ့ကတော့ ပိုးတွေ့သူ ၆၃  ဦးရှိကြောင်း ထိုင်းကျန်းမာရေး ဒုဝန်ကြီးက ပြောခဲ့တဲ့အတွက် ၃ ရက်အတွင်း ကူးစက်သူတရှိန်ထိုးလာတာဖြစ်ပြိး နောက်ထပ် ၃၀ ကျော်လည်း အတည်ပြုဖို့ စောင့်ဆိုင်းနေပါတယ်။ 

ပိုးတွေ့သူအများစုဟာ နိုင်ငံခြားကနေ ဝင်ရောက်လာသူတွေဖြစ်ပြီး ထိုင်းမှာနေတဲ့ အမျိုး သမီး ၁ ဦးသာ နိုင်ငံခြားပြန် ခင်ပွန်းသည်ဆီကနေ ကူးစက်တာဖြစ်ပါတယ်။ 

အိုမီခရွန်ပိုးတွေ့ရှိသူတွေဟာ မူရင်းနိုင်ငံကနေ မထွက်ခွာခင် ကိုဗစ်-၁၉ စစ်ဆေးခဲ့ပြီးသူတွေ၊ ကာကွယ်ဆေးထိုးနှံထားပြီးသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013