DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် အသက် ၆၀ ကျော်အမျိုးသမီး ၁ ဦးကို ရဲက ပစ်သတ်
DVB
·
December 21, 2021
ပုသိမ်မြို့တွင် အသက် ၆၀ ကျော်အမျိုးသမီး ၁ ဦးကို ရဲက ပစ်သတ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက်၊ မာတရပ် မျိုးချစ်ဆန်စက်ရှေ့တန်းလျားမှာနေထိုင်တဲ့ အသက် ၆၀ ကျော် အမျိုးသမီးကို ဒီဇင်ဘာ ၁၉ ရက်‌ ညပိုင်းက ရဲတွေရောက်လာပြီး လည်ပင်းကို သေနတ်နဲ့ ပစ်သတ်သွားပါတယ်။ 

သတင်းပေးတယောက်နဲ့  ရဲသုံးယောက်က စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လူငယ်တဦးကို‌ လာရောက်ရှာဖွေချိန်ဖမ်းဆီးစဉ်မှာ  အသက် ၆၀ ကျော်အရွယ် ဒေါ်မဌေးကို ရဲက သေနတ်နဲ့ပစ်သတ်သွားတာလို့  ဒေသခံတဦးက ပြောပါတယ်။

“ရေကြည်ဦးက ဒလန် ကျော်ကြီး(ခ) ကျော်မင်းဆိုတဲ့ ကောင်ကို ခေါ်ပြီး အိမ်ကိုလာရှာတာ အဲ့အချိန်မှာ ရဲက လည်ပင်းပစ်သွားတာ ဘာမှမဆိုင်တဲ့သူကို ပစ်သွားတာ ပြီးတော့ ပြောသေးတယ် သူတို့မိုးပေါ်ပစ်တာတဲ့ ပြီးတော့ ဆိုင်ကယ်နဲ့ထွက်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

ရဲက လူငယ်တဦးကို ဖမ်းဆီးသွားခဲ့ကာ  မဆိုင်တဲ့ အမျိုးသမီးတယောက်ကို  ပစ်သတ်သွားပြီး သူတို့မိုးပေါ်ကို ထောင်ပစ်တာလို့ ပြောဆိုကာ ဆိုင်ကယ်နဲ့ပြန်သွားကြတယ်လို့ ဆိုပါတယ်။ 

သေနတ်နဲ့ပစ်ခတ်ခံရလို့  အသက် ၆၀ ကျော် ဒေါ်မဌေးဟာ နေရာမှာတင်သေဆုံးခဲ့ပြီး ဆေးရုံကိုပို့ဆောင်ကာ ရင်ခွဲစစ်ဆေးတာတွေပြုလုပ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့မှ ပြန်ပို့ခဲ့ကာ ဒီနေ့မှာတော့ မီးသင်္ဂြိုလ်ဖို့ရှိတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲနဲ့ စစ်တပ်က အပြစ်မဲ့ ပြည်သူ ၁၃၀၀ ကျော်ကို ပစ်ခတ် သတ်ဖြတ်ခဲ့ပေမဲ့ တယောက်မှ အရေးယူခံရတာမရှိသလို စစ်ကောင်စီအနေနဲ့ တာဝန်ယူ တာဝန်ခံမှုလည်း မရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013