DVB Logo
Home
မြန်မာသတင်း
မှော်ဘီတင့်ကားလက်နက်တိုက် ဖောက်ခံရပြီး လက်နက်နဲ့ ကျည်ဆံ ၅၀၀ ပျောက်ဆုံး
DVB
·
January 23, 2014
မှော်ဘီတင့်ကားလက်နက်တိုက် ဖောက်ခံရပြီး လက်နက်နဲ့ ကျည်ဆံ ၅၀၀ ပျောက်ဆုံး
Donate to DVB

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ အမှတ် ၅၀၁၀ တင့်ကားတပ်ရင်းက လက်နက်တိုက် ဖောက်ထွင်းခံရပြီး လက်နက်တချို့နဲ့ ကျည်ဆံတွေ ပျောက်ဆုံးနေပါတယ်။

Military Landဘယ်တုန်းကတည်းက ပျောက်ဆုံးနေတယ်ဆိုတာ တိတိကျကျ မသိရဘဲ လက်နက်တိုက်သွား ဖွင့်ချိန်မှာ သော့ဖျက်ထားတာတွေ့ရပြီး လက်နက်နဲ့ ကျည်ဆံတွေ ပျောက်ဆုံးနေတာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ်ဝင်းခေါင်က ပြောပါတယ်။

“သေနတ် ၂ လက်နဲ့ ကျည် ၅၀၀ ပျောက်တာ။ ပျောက်တဲ့ ဥစ္စာက အဲဒါပဲ။ သူတို့ တပ်ကနေပြီး လာပြောတဲ့ အခြေအနေပဲ သိသေးတယ်။ အခြား အစအန ဘာမှ မသိရဘူး။ လက်နက်တိုက်ကို သော့ဖျက်ထားတာတွေ့တယ်။”

မှော်ဘီရဲစခန်းမှာ ၁၉၄၉ ခုနှစ်၊ လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေပုဒ်မ ၂၁(ဃ)နဲ့ ဇန်န၀ါရီလ ၂၂ ရက်မှာ အမှုဖွင့်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မန္တလေးတိုင်း မိုးကုတ်မြို့မှာ လက်နက်ကိုင် လူတစုက နေ့ခင်းကြောင်တောင် ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ကတော့ ဒီရာဇ၀တ်မှုတွေအပေါ် အုပ်ချုပ်ရေးပိုင်းက စေ့စေ့စပ်စပ်ကိုင်တွယ်ပြီး အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။

“ဒါတွေအားလုံးက အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိတယ်။ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေ နဲ့ အညီ အုပ်ချုပ်ရမှာက အုပ်ချုပ်ရေးပိုင်းအလုပ်ပဲလေ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမယ့် ပုဂ္ဂိုလ်တွေက ဒီလိုဖြစ်တယ်ဆိုတော့ ပြည်သူအတွက် ပစ္စည်းဥစ္စာမှာပဲ ဖြစ်စေ အသက်နဲ့ ခန္ဓာမှာ လုံခြုံမှုလျော့ပါးသွားတာပေါ့။ လျော့ပါးတော့ ပြည်သူတွေအတွက် စိတ်မချမ်းမြေ့ဘူးပေါ့ဗျာ။”

ရန်ကုန်တိုင်းအတွင်း လက်နက်ကျည်ဆံ စွန့်ပစ်ထားလို့ သိမ်းဆည်းရမိတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ဖူးပြီး လက်နက်တိုက် အဖောက်ခံရပြီး လက်နက်၊ ကျည်ဆံပျောက်ဆုံးတဲ့ သတင်းကတော့ ဒါပထမဆုံး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013