Home
မြန်မာသတင်း
ဖျာပုံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁ ဦး ပေါင်စတီးရိုးကျိုးနေပြီး ဆေးကုသခွင့်မရ
DVB
·
December 21, 2021
Ko-Zaw-Moe
Phyar Pon

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ပေါင်မှာထည့်ထားတဲ့ စတီးရိုးကျိုးနေတဲ့အတွက် ဆေးကုသဖို့ လိုအပ်နေပေမဲ့ အကျဉ်းထောင်က ခွင့်မပြုဘူလို့ သိရပါတယ်။

ဖျာပုံအကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဇော်မိုးဟာ ပေါင်မှာထည့်ထားတဲ့ စတီးရိုး ကျိုးခဲ့တာကြောင့် ရုံးချိန်းကို လူနာတင်ကတ်နဲ့ ထုတ်နေရတာ ၅ လကျော်ပြီလို့  ဖျာပုံအကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။

“စတီးရိုးကျိုးနေတာကို ဆေးကုသခွင့်မပေးဘဲ ရဲတွေက လူနာတင်ကတ်နဲ့မပြီး ရုံးထုတ်နေတာ စတီးရိုးက ထောင်ထဲရောက်မှ ကျိုးတာ မတ်တတ်ရပ်လို့ မရတော့ဘူး လမ်းလျှောက်လို့လည်း မရဘူး ပက်လက်နေရတာ” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပေါင်စတီးရိုး ကျိုးနေတာကြောင့် ၆ လကျော်လောက် ပက်လက်နေနေရတဲ့ ကိုဇော်မိုးဟာ  ဆေးကုသခွင့်မရတာကြောင့် တင်းပါး၊ ခါးရိုးနဲ့ ကျောဘက်တွေမှာပါ အနာတွေ ပေါက်လာတယ်လို့ သိရပါတယ်။

ကိုဇော်မိုးကို ပုဒ်မ ၅၀၅(က)နဲ့ ထောင်အချုပ်မှာဖမ်းဆီးထားပြီး ဆေးကုသခွင့်မပေးတာဟာ အကျဉ်းသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာသာ ဖြစ်တယ်လို့ ဖျာပုံမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှာသူတချို့က သုံးသပ်ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024