DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့တွင် ဓားပြတိုက်ပြီး သေနတ်ပစ်ဖောက်၊ လူ ၁ ဦး ဒဏ်ရာရ
DVB
·
December 21, 2021
မူဆယ်မြို့တွင် ဓားပြတိုက်ပြီး သေနတ်ပစ်ဖောက်၊ လူ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ဓားပြတိုက်ပြီး သေနတ် ၃ ချက်ပစ်ဖောက်ခဲ့လို့  ငွေလဲလုပ်ကိုင်နေသူ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။ 

မူဆယ်မြို့ စည်ပင်သာယာဈေးကြီးအနီး နာရီစင်နားမှာ ငွေလဲလုပ်ငန်းလုပ်နေတဲ့ ဦးအားလုံတို့ ဇနီးမောင်နှံဟာ မနေ့ည ၆ နာရီကျော် ၇ နာရီ လောက်မှာ အိမ်ပြန်မလို့ လုပ်နေတုန်း အာရာဖတ်ကားတစ်စီးက သူတို့ရှေ့မှာ ပိတ်ရပ်ကာ ငွေတွေ လုယူသွားတယ်လို့  အခင်းဖြစ်ရာနေရာအနီးမှာနေထိုင်တဲ့ မူဆယ်မြို့ခံတယောက်က ပြောပါတယ်။

“ဦးအားလုံတို့က နာရီစင်နားက တိုင်းရွှေလီဟိုတယ်ရှေ့မှာ ခုံလေးချပြီးတရုတ်ငွေနဲ့ မြန်မာငွေလဲတဲ့အလုပ်လုပ်တယ်။ မနေ့ညနေက မိုးချုပ်လာတော့ သူတို့လည်း အလုပ်သိမ်းတာပေါ့။ အိမ်ပြန်မလို့လဲလုပ်ရော အာရာဖတ်ကားတစ်စီးက သူတို့ရှေ့မှာပိတ်ရပ်တယ်။ အနောက်မှာလည်း နောက်ထပ်ကား ၂ စီးလိုက်လာတယ်။ သူတို့တဖွဲ့တည်း ဟုတ်မဟုတ်တော့မသိဘူး။ လူ ၃-၄ ယောက် သေနတ်ကိုင်ပြီးကားပေါ်ကဆင်းလာတယ်။ ပြီးတော့ သူတို့ဆီက ငွေထုတ် နှစ်ထုတ်ယူသွားတယ်။ သေနတ် သုံးချက်လည်းဖောက်တယ်၊ ဦးအားလုံက ပခုံး မှာသေနတ်ရှပ်ထိသွားတယ်တဲ့၊ ဘယ်လိုလုပ်ထိသွားလဲဆိုတာတော့အသေးစိတ်မသိဘူး၊ အခုဆေးရုံ မှာ။”

အခင်းဖြစ်တဲ့နေရာဟာ ခါတိုင်းဆို ညဈေးတန်းရှိလို့လူစည်ကားပေမဲ့ မနေ့ကတော့  ကိုဗစ်-၁၉ ကာလပိတ်ထားတာကြာလို့ လူရှင်းနေသလို မိုးလည်းချုပ်ခါက လူသိပ်မသိကြောင်း၊ အဲဒီနားမှာ နယ်မြေရဲတပ်ဖွဲ့လုံခြုံရေး ရဲကင်းရှိပေမဲ့ ရဲတွေလည်း လာမထိုင်တာကြာပြီမို့ သူခိုးဓားပြတွေ အတင့်ရဲနေတာလို့ ဒေသခံကပြောပါတယ်။

စစ်အာဏာသိမ်းမှု၊ ကိုဗစ်ကူးစက်ရောဂါ၊ တရုတ်နယ်စပ်တံခါးလည်းပိတ်ထားမှုတွေကြောင့် မူဆယ်မှာ ဒေသခံတွေ အရောင်းအဝယ်မဖြစ် စီးပွားရေးကျပ်တည်းနေကြပြီး လုယက်မှု၊ ခိုးမှုတွေလည်း မကြာခဏရှိနေပေမဲ့ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိပါဘူး။ 

မူဆယ်မြို့နယ်ထဲမှာ ပြည်သူ့စစ်၊ TNLA ပလောင်တပ်၊  KIA ကချင်တပ်၊ SSPP ရှမ်းတပ်စတဲ့လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေပေမဲ့ အခွန်လာကောက်တာကလွဲလို့ ပြည်သူ တွေရဲ့ လုံခြုံရေးကို မစောင့်ရှောက်ပေးနိုင်ကြောင်း၊ ဒါကြောင့် သတိဝီရိယနဲ့ နေ နေကြရတယ်လို့ မူဆယ်ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013