DVB Logo
Home
မြန်မာသတင်း
နမ့်စန်မှာ ဒေါ်အောင်ဆန်းစုကြည်လေယာဉ်ဆင်းဖို့ တပ်က ခွင့်မပြု
DVB
·
January 23, 2014
နမ့်စန်မှာ ဒေါ်အောင်ဆန်းစုကြည်လေယာဉ်ဆင်းဖို့ တပ်က ခွင့်မပြု
Donate to DVB

ရှမ်းပြည်နယ် နမ့်စန်မြို့ရှိ တပ်မတော်လေယာဉ်ကွင်းမှာ ခေတ္တလေယာဉ်ဆင်းသက်ခွင့် မရရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ပြောင်းလဲပြီး စီစဉ်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

[caption id="attachment_50480" align="alignleft" width="450"]ကရင်ပြည်နယ် ခရီးစဉ် ကရင်ပြည်နယ် ခရီးစဉ် [/caption]ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ၃ မြို့နယ်ခရီးစဉ်အတွက် နေပြည်တော်ကနေ လေယာဉ်နဲ့ ထွက်ပြီး နမ့်စန်မြို့က လေယာဉ်ကွင်းမှာ ဆင်းဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေတ္တာရပ်ခံ တင်ပြထားတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံကိုပါ မေတ္တာရပ်ခံ ထားတာပါ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက တစုံတရာ အကြောင်း ပြန်ကြားမှု မရှိတဲ့အတွက် ဟဲဟိုးလေယာဉ်ကွင်းမှာပဲ ဆင်းပြီးခရီးစဉ်ကို ဆက်လက်စီစဉ် လိုက်တယ်လို့ ခရီးစဉ်အတွက် ဆောင်ရွက်သူတဦးဖြစ်တဲ့ ဦးရဲလှိုင်က ပြောပါတယ်။

“ကာကွယ်ရေး ဦးစီးချုပ်အထိ ပို့တဲ့ဟာကို မနေ့က အထိ အကြောင်းမပြန်ဘူး။ ဒီနေ့ အချိန်အထိ အကြောင်း မပြန်သေးဘူး။”

တစုံတရာ အကြောင်းပြန်ကြားမှု မရှိတဲ့အတွက် နမ့်စန်လေယာဉ်ကွင်းဟာ အရင်ကာလတုန်းက အရပ်ဘက်ကသုံးတဲ့ လေယာဉ်ကွင်းဖြစ်ပြီး နောက်ပိုင်းမှာ တပ်ပိုင်ကွင်းလုပ်ခဲ့တာလို့ ဦးရဲလှိုင်က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ ရက်နေ့ နေ့လည် ၃ နာရီမှာ နေပြည်တော်ကနေထွက်ပြီး ဟဲဟိုးလေယာဉ်ကွင်းမှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဟဲဟိုးမှာ ညနေစာ စားပြီးတဲ့နောက် နမ့်စန်မြို့ကို မော်တော်ကားနဲ့သွားပြီး နမ့်စန်မှာ ညအိပ်မှာလို့ ဆိုပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့ကျရင် နမ့်စန်မှာ ဟောပြောပွဲလုပ်ပြီး မိုးနဲကို သွားမယ်။ မိုးနဲမှာ နေ့ခင်းစာထမင်းစားပြီးနောက် ဟောပြောပွဲပြီးနောက် လင်းခေးမြို့ကို သွားပြီး ညအိပ်ပြီး နောက်နေ့ ဟောပြောမှာဖြစ်ပါတယ်။

ဟဲဟိုးနဲ့ နမ့်စန်လမ်းဟာ လမ်းကောင်းပေမယ့် ၃ နာရီခန့်မောင်းရမှာဖြစ်ပါတယ်။ လမ်းတလျောက်မှာ လွိုင်လင်၊ ပင်လုံနဲ့ မိုင်းပွန်၊ ဟိုပုန်းနဲ့ တောင်ကြီးမြို့တွေက ကြိုဆိုဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဌာနေပြည်သူ့စစ် ဟိုမိန်းအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိုးနဲအထက်ဘက် ဆိုက်ထယ်ရွာမှာ တွေ့ဆုံနိုင်ဖို့ ကနဦးပိုင်းတုန်းက စီစဉ်ထားချက်ဟာလည်း စစ်တိုင်းက တားမြစ်တဲ့အတွက် ဖျက်လိုက်ရတယ်လို့ ဦးရဲလှိုင်က ပြောပါတယ်။

“ဟိုမိန်းအဖွဲ့က ပထမ တွေ့မယ်ပြောတော့ အန်ကယ်ဦးဝင်ထိန်တို့နဲ့ တွေ့လို့ရမယ့် အစီအစဉ်တွေလုပ်တော့ နောက်တော့ စစ်တိုင်းက မင်းတို့နဲ့ မဆိုင်ဘူး မင်းတို့ မတွေ့ရဘူးပြောတော့ အဲဒီ အစီအစဉ်က ပျက်သွားတယ်။ သူတို့က တွေ့ချင်တယ် နောက်တော့ စစ်တိုင်းက ဖိအားပေးလို့ မတွေ့ရဘူးလို့ သူတို့ တာဝန်ခံက ကျနော်ကို အဲလို ပြောပါတင်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ဆန်းကစလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟောပြောပွဲတွေကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်တွေမှာ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်ကို လာရောက်ဖို့ ဖြစ်ပါတယ်။ လင်းခေးမြို့မှာတော့ ဘုန်းကြီးကျောင်းကို ၀င်ရောက်ပြီး သံဃာတော်တွေ၊ လူငယ်တွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုကြောင်း ထပ်မံ မေတ္တာရပ်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013