DVB Logo
Home
မြန်မာသတင်း
အကွက်ဆင် အမှုဆင်ခံရဟု ဒေါ်ဘောက်ဂျာ ပြော
DVB
·
January 23, 2014
အကွက်ဆင် အမှုဆင်ခံရဟု ဒေါ်ဘောက်ဂျာ ပြော
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ လယ်သမားအရေး လှုပ်ရှားသူနဲ့ တက်ကြွ လှုပ်ရှားသူ ဒေါ်ဘောက်ဂျာက သူကို စွဲဆိုထားတဲ့ အမှုဟာ အကွက်ဆင် ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

daw bouth jar1ယစ်မျိုးဥပဒေ ပုဒ်မ ၃၃၊ တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသတဲ့ အတွက် ဆေးကောင်စီ ဥပဒေ ပုဒ်မ ၄၁ တွေနဲ့ စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၂၄ ရက်နေ့မှာ စီရင်ချက် ချမှတ်ဖို့ ရှိပြီး ချမှတ်မခံရမီ ဒေါ်ဘောက်ဂျာက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ အိမ်နီးချင်း ကွယ်လွန်သူ ဦးဇော်ဂျာ မကွယ်လွန်မီက သွားရောက် ဆုတောင်းပေးခဲ့တာကို ဆေးထိုးကုသ လူသေပါတယ်လို့ ပြစ်မှု ပုဒ်မ ၃၀၄ (က)နဲ့ ၂၀၁၁ ဇန်န၀ါရီ ၂၆ ရက်နေ့မှာ အမှု ၃ ခုကို ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တရားလို ဦးဇော်ဂျာ အမျိုးသမီး ဒေါ်ကိုင်ထန်ကို အာဏာပိုင်တွေက ခြိမ်းခြောက် တရားစွဲဆိုဖို့ စေခိုင်းခဲ့ပေမယ့် သူကိုယ်တိုင်က အမှု ရုပ်သိမ်းလွှာတင်ခဲ့သလို ဘယ်တရားလိုပြ သက်သေကမျှ ဒေါ်ဘောက်ဂျာအပေါ် ငြိစွန်းအောင် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိတဲ့ အတွက် ပုဒ်မ ၃၀၄ (က)နဲ့ စွဲဆိုထားတဲ့ အမှုကို ဇန်န၀ါရီ ၁၆ ရက်နေ့က ရုပ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး ၂ မှု ကျန်ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်ဘောက်ဂျာက သူဟာ ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့ လယ်သိမ်းခံ တောင်သူတွေ ဘက်ကနေ ရပ်တည်ပေးတာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို တရားစွဲဆိုခဲ့မှုတွေ လုပ်ဆောင်ခဲ့တာတွေ ရှိတဲ့အတွက် ဒေသခံ အာဏာပိုင်များရဲ့ ငြိုငြင်တာကို ခံရသလို အကွက်ဆင် တရားစွဲခံရတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဗိုလ်ချုပ် အုန်းမြင့်ကို တရားစွဲလိုက်တဲ့အခါမှာ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ကျမ ကော်မရှင်ကို မဲမသမာမှုနဲ့ တရားစွဲလိုက်တယ်။ ဗိုလ်ချုပ်အုန်းမြင့်က ဒီဒေသမှာ တိုင်းမှူးလုပ်လာတာ ခဲ့တာကိုး သူ့မှာက အာဏာက ရှိသေးတယ်။ နဂိုက ဥက္ကဋ္ဌပိုင်းနဲ့ အာဏာပိုင်တွေက ယုဇန အရေးလုပ်နေတဲ့အတွက် ကျမကို မကြည်ဘူး။ မကြည်တဲ့ ကြားထဲမှာ ဗိုလ်ချုပ်အုန်းမြင့်က ထပ်ပြီး မြှောက်လိုက်တဲ့ အခါမှာ သူတို့က ရတဲ့အကွက်ကို ဆင်ပြီး မရရအောင် အကွက်ဆင်ထားတာတွေ အများကြီးပါတယ်။”

မောင်ဖြစ်သူ ဆရာဝန်နဲ့ ညီမဖြစ်သူ သူနာပြုတွေ လာတဲ့အခါမှာ ရွာက ဆေးရုံမရှိတဲ့ အတွက် ရွာကလူတွေကို ကုသပေးတာတွေ ရှိခဲ့ပြီး သူတို့ရဲ့ ပစ္စည်းတွေ အိမ်မှာ ကျန်ရစ်ခဲ့တာကို မှတ်ပုံမတင်ဘဲ ဆေးခန်းဖွင့်ဖို့ လုပ်တာလို့ စွပ်စွဲခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဥပဒေ အထောက်အကူပြုကွန်ရက်က ဦးအောင်ထူးက ဒေါ်ဘောက်ဂျာအပေါ် စွဲဆိုတဲ့ အမှုအားလုံးမှာ တရားလိုပြ သက်သေက တရားဝင်လိုင်စင် မရှိဘဲ ဆေးဝါး ကုသကြောင်း ထွက်ဆိုခဲ့တာ မရှိတဲ့အတွက် ဥပဒေပုဒ်မ ၄၁ နဲ့ ဘယ်လို အပြစ်ပေးမလဲလို့ မေးခွန်း ထုတ်ခဲ့ပါတယ်။

ဆေးထိုးပြွန်နဲ့ ဆေးဝါးတို့ကို လက်ရှိထား သုံးစွဲတဲ့အတွက် ပုဒ်မ ၃၃ အရ စွဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၄ အရ မဟုတ်မမှန်သည့် စာတမ်းအမှတ်အသားကို ပြုခြင်း ဆိုတဲ့ ပြဌာန်းချက်ကို ကျူးလွန်ခဲ့တဲ့အတွက် ပြန်လည် တရားစွဲဆိုရမှာ ဖြစ်တယ်လို့ သူရဲ့ အီးမေးလ်မှာ ရေးသားထားပါတယ်။

ဇန်န၀ါရီလအစောပိုင်းက သမ္မတက အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်ဘောက်ဂျာက ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ဒါအပြင် စွဲဆိုထားတဲ့အမှုတွေကို တရားစီရင် အမိန့်ချမှတ်ခြင်း မရှိဘဲ ကြန့်ကြာနေ တာကြောင့် အချုပ်မှာ ၆ လနီးပါး အချုပ်ကျခံရတဲ့အတွက် အမှုကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ ဒေါ်ဘောက်ဂျာက တောင်းဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013