DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက်သို့ လက်နက်ကျည် ၇ ချက်ကျသဖြင့် ထိုင်းစစ်တပ်က သေနတ်ပစ်ဖောက် သတိပေး
DVB
·
December 20, 2021
ထိုင်းဘက်သို့ လက်နက်ကျည် ၇ ချက်ကျသဖြင့် ထိုင်းစစ်တပ်က သေနတ်ပစ်ဖောက် သတိပေး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန် ဆက်လက်ဖြစ်ပွားနေပြီး  ဒီဇင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကျည် ထိုင်းဘက်ခြမ်းကိုကျလာလို့  ထိုင်းစစ်တပ်ဘက်က သတိပေးတဲ့အနေနဲ့  သေနတ် ကျည် ၅ ချက်ပစ်ဖောက် သတိပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်  မိုးမလင်းခင်ကတည်းက သေနတ်သံတွေစကြားရပြီး  မဲဆောက်မြို့နယ်၊ မယ့်တောင်းအုပ်စု ဒွိုင်းချိုင်းကျေးရွာရှိ  သောင်ရင်းမြစ်ကမ်းဘက်ကို  လက်နက်ကျည်တွေ ကျလာလို့ ထိုင်းရွာသားတွေ တချို့ကထွက်ပြေး တချို့က ကျည်လွတ်ရာမှာ ပုန်းခိုခဲ့ ရတယ်လို့ ရွာသားတွေက ထိုင်းပီဘီအက်စ်သတင်းထောက်ကို ပြောပါတယ်။

ချယ်နယ်  ၃ ထိုင်းသတင်းမှာတော့ မနေ့က ထိုင်းဘက်ခြမ်းကို လက်နက်ကျည် ၇ ကြိမ်မ်လော်က ကျရောက်ခဲ့ကြောင်း၊ ဒါကြောင်းထိုင်းစစ်တပ် နရေးဆွန်တပ်မလက်အောက်ခံ အမှတ် ၁၄ ခြေမြန်တပ်ရင်းမှ သတိပေးတဲ့အနေနဲ့ မီးခိုးငွေ့သာထွက်တဲ့ ကျည်ဆန်နဲ့ ၅ ချက်ပစ်ဖောက်ပြီး သတိပေးခဲ့သလို ထိုင်းပြည်သူတွေကို ထိပါးလာရင်  ပြန်ပစ်ရမယ့်အကြောင်း ထိုင်းမြန်မာနယ်ခြား ကော်မတီ TBC  ကနေတဆင့် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ထိုင်းဘက်က မီးခိုးငွေ့ကျည်နဲ့ ပစ်ဖောက်သတိပေးခဲ့ပေမယ့် တဘက်ကမ်းက ပစ်ခတ်သံတွေ ဆူညံနေခဲ့ကြောင်း၊ မြန်မာတပ်ဘက်က အနည်းဆုံး၄၀ ကျဆုံးပြီး နောက်ဆုတ်သွား တယ်လို့ ဆိုပါတယ်။

မနေ့က ထိုင်းဘက်ရောက်နေတဲ့စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်ပြန်သွားခဲ့ပေမယ့် ညနေပိုင်းမှာ နောက်ထပ်တစ်သုတ် ပြန်လည်ထွက်ပြေးလာကြောင်း၊ ထွက်ပြေးလာတဲ့ထဲမှာ လက်နက်ထိမှန် ဒဏ်ရာရသူ ၄ ဦးပါလာပြီး ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြုစုကာ ဆေးရုံပို့ ထားပေးတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ကို ထိုင်းစစ်တပ်နဲ့ ဒေသအာဏာပိုင်တွေက လူသားချင်းစာနာ မှုအရအကူအညီပေးစောင့်ရှောက်ထားပြီး စစ်ဘေးရှောင်တွေက လာလိုက်ပြန်လိုက်နဲ့မို့ အရေအတွက် အတိအကျမသိရကြောင်း၊  ၂၀၀၀ ကျော်မယ်လို့တော့ ခန့်မှန်းကြောင်း ထိုင်းပီဘီ အက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ မနက်အစောပိုင်း စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော် နယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထပ်မံထွက်ပြေးလာကြပြီး အရင်ရောက်နေ သူတွေပါနဲ့ဆိုရင် တသောင်းဝန်းကျင်ရှိနိုင်တယ်လို့  ကူညီပေးနေသူတွေထံက သိရပါတယ်။

ကိုးကား - https://www.youtube.com/watch?v=gzvNndMFsQk

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013