DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မီးသွေးဈေးတက်၊ ၀င်ငွေနည်း မိသားစုများ အခက်ကြုံ
DVB
·
December 20, 2021
ရေးမြို့နယ်တွင် မီးသွေးဈေးတက်၊ ၀င်ငွေနည်း မိသားစုများ အခက်ကြုံ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်က မီးဖိုချောင်သုံး မီးသွေးဈေးတွေမှာ ပိုမိုဈေးကြီးလာလို့ ချက်ပြုတ်စားသောက်တဲ့နေရာမှာ ၀င်ငွေနည်းပါးတဲ့ မိသားစုဝင်တွေမှာပိုပြီး ခက်ခဲတယ်လို့ အိမ်ရှင်မတွေထံက သိရပါတယ်။

မီးသွေး ၁ အိတ်ကို အရင်က ၂၅၀၀ ကျပ်သာပေးဝယ်ရပေမဲ့ အခုက ၁ အိတ်ကို ၃၅၀၀ ကျပ်အထိ ဈေးနှုန်းတွေ မြင့်တက်လာတာဖြ်ပါတယ်။

“ကျပ် တထောင်အထိ တက်သွားတော့ တလဆို ငါးအိတ်လောက် သုံးတယ် ကျမတို့နယ်ရွာဘက်က လျှပ်စစ်မီးက မရသေးဘူးဆိုတော့ မီးသွေးနဲ့ဘဲ ချက်ပြုတ်စားသောက်ရတာတခါတလေ မီးသွေးက ၀ယ်လို့ တောင်မရတာနဲ့ကြုံရတယ်”လို့   အိမ်ရှင်မတယောက်က  ပြောပါတယ်။

မီးသွေးဖုတ်တဲ့သူတဦးက “ အခုက မီးသွေးဖုတ်တဲ့နေရာမှာ မီးသွေးကုန်ကြမ်းဈေးလည်း တက်။ အလုပ်သမားကိုပေးရတဲ့ လုပ်အားခစားစရိတ်တွေကလည်း တက်ပြန်။ သယ်ယူစရိတ်တွေက အစ အားလုံး ကုန်ကျ များတော့ အရင်ဈေးတွေထက် ပိုမိုတက်သွားရတာ” လို့  ပြောပါတယ်။ 

မီးသွေးကို မီးဖိုချောင်မှာ ချက်ပြုတ်စားသောက်တဲ့ နေရာမှာ အဓိကထား သုံးစွဲကြတဲ့အပြင် အများအားဖြင့် လျှပ်စစ်မီးမရရှိသေးတဲ့ နယ်ဘက်အရပ် ဒေသတွေမှာ ပိုမိုသုံးစွဲကြသလို ထမင်းဆိုင် လက်ဖက်ရည်ဆိုင်တွေမှာလည်း ဝယ်ယူသုံးစွဲနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013