DVB Logo
Home
ပညာရေး/နည်းပညာ
မူကြိုဆရာ၊ ဆရာမ တွေကို ဧပြီလကစပြီး အစိုးရ လစာပေးတော့မည်
DVB
·
January 23, 2014
မူကြိုဆရာ၊ ဆရာမ တွေကို ဧပြီလကစပြီး အစိုးရ လစာပေးတော့မည်
Donate to DVB

လာမယ့် ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ် ဧပြီလက စပြီး အခြေခံပညာ မူကြိုအဆင့် ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ကို နိုင်ငံဝန်ထမ်းအဖြစ် သတ်မှတ်ပြီး သတ်မှတ်လစာ ပေးတော့မယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ခင်မျိုးမြင့်ဖြူက ပြောပါတယ်။

schoolဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ အခြေခံပညာ ကဏ္ဍဆိုင်ရာ မူဝါဒ ညှိနှိုင်းဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီ ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ဟာ လက်ရှိအချိန်ထိ သက်ဆိုင်ရာ ကျောင်းတည်ရှိရာ ရပ်ရွာက ရပ်မိရပ်ဖတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာ ဖြစ်ပြီး အစိုးရ အထောက်အပံ့
တစုံတရာ မရရှိခဲ့ပါဘူး။

ဒါနဲ့ ပတ်သက်ပြီး မူကြိုပညာရပ်ဆိုင်ရာလုပ်ငန်း အန်ဂျီအိုအဖွဲ့ကနေ အစိုးရကို တိုက်တွန်း ခဲ့တာကြောင့် လာမယ့် ဧပြီလက စပြီ လစာတွေ ပေးဖို့ အစိုးရက သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013