DVB Logo
Home
Lead Story
သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာများ နယ်က ပြည်သူတွေကို ရောင်းမည်
DVB
·
January 23, 2014
သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာများ နယ်က ပြည်သူတွေကို ရောင်းမည်
Donate to DVB

သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မယ့် မြန်မာဘက်က ကုမ္ပဏီရဲ့ အစု ရှယ်ယာ ရောင်းချပေးတဲ့အခါ ရန်ကုန်နဲ့ မန္တလေးက ပြည်သူတွေတင်မက နယ်က ပြည်သူတွေပါ အလွယ်တကူ ၀ယ်ယူရင်းနှီးမြှုပ်နှံနိုင်အောင် ဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးမယ်လို့ မြန်မာ သီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

[caption id="attachment_47770" align="alignleft" width="300"]သီလ၀ါ အထူးစီးပွားရေးဇုန်အား တွေ့မြင်ရစဉ် သီလ၀ါ အထူးစီးပွားရေးဇုန်အား တွေ့မြင်ရစဉ်[/caption]ဇန်န၀ါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးခန်းမှာ လုပ်တဲ့ UN Global Compact အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၅၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။

မြန်မာဘက်က ၅၁ ရာခိုင်နှုန်းထဲက ၁၀ ရာခိုင်နှုန်းဟာ အစိုးရ၊ ၄၁ ရာခိုင်နှုန်းဟာ ပုဂ္ဂလိကကဏ္ဍက ပါဝင်ပြီး အဲဒီ အစုရှယ်ယာတွေကို ၁ စု ကျပ် ၁ သောင်းနှုန်းနဲ့ ပြည်သူတွေကို
ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013