DVB Logo
Home
မြန်မာသတင်း
ယော-ဂန့်ဂေါကားလမ်း ရက်အကန့်အသတ်မရှိပိတ်
DVB
·
December 19, 2021
ယော-ဂန့်ဂေါကားလမ်း ရက်အကန့်အသတ်မရှိပိတ်
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဂန့်ဂေါ-ကလေးကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YDF) တို့က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့ပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) တာဝန်ခံက “ယောဒေသအတွင်းမှာ အကြမ်းဖက်စစ်တပ်က အရပ်သားအပြစ်မဲ့ ပြည်သူတွေကို ရဟတ်ယာဉ်တွေအသုံးပြုပြီး အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတော့ လူသားမဆန်တဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် အခုလို ဂန့်ဂေါ-ကလေးကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားလိုက်တာဖြစ်ပါတယ်။ လမ်းပြန်ဖွင့်ပေးမယ့်ရက်ကိုတော့ စာထုတ်ပြီး ပြန်လည်ကြေညာပေးမှာပါ” လို့ အတည်ပြုပြောပါတယ်။

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာထဲကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီးဝန်းကျင်က ရဟတ်ယာဉ်တွေသုံးပြီး ဝေဟင်ကနေစက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်လို့ ဒေသခံပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိတာတွေများပြားတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

“စစ်သားတွေက ရွာအဝင်အထွက်ပေါက်တွေကိုလည်း ပိတ်ထားတယ်။ ရွာထဲမှာလည်း တပ်စွဲထားတယ်။ ရဟတ်ယာဉ်တွေနဲ့ပစ်လို့ သေဆုံးသူတွေကိုလည်း အလောင်းမကောက်နိုင်သေးဘူး။ အရေအတွက်ကတော့ အတိအကျမသိဘူး များမယ်ထင်တယ်။ စစ်သားတွေက ရွာကလူနေအိမ်တွေကိုလည်း မီးရှို့နေတယ်” လို့ ထွက်ပြေးလာတဲ့ ဒေသခံတဦးက ပြောပါတယ်။

နှမ်းခါးကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ တပ်စွဲထားကာ ဒေသခံကျေးရွာသားတွေကို ဖမ်းဆီးထားပြီး လူသားဒိုင်းသဖွယ်ပြုလုပ်နေသလို ဒေသခံတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း ဖောကားကြီးတွေနဲ့တင်ကာ ယူဆောင်သွားကြတယ်လို့ ထွက်ပြေးလာတဲ့ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013