DVB Logo
Home
Lead Story
အမျိုးသားပညာရေးမူဝါဒ (မူကြမ်း) ဒီနှစ်အတွင်း ထွက်ဖွယ်ရှိ
DVB
·
January 23, 2014
အမျိုးသားပညာရေးမူဝါဒ (မူကြမ်း) ဒီနှစ်အတွင်း ထွက်ဖွယ်ရှိ
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားပညာရေးမူဝါဒ (မူကြမ်း) တရပ် မကြာခင်လပိုင်းအတွင်း ထွက်ပေါ်လာဖွယ် ရှိနေပြီလို့ ဦးစီးဆောင်ရွက်နေသူတဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တာဝန်ခံ ဒေါက်တာသိန်းလွင်က ပြောဆိုပါတယ်။

[caption id="attachment_50653" align="alignleft" width="300"]ဒေါက်တာသိန်းလွင် ဒေါက်တာသိန်းလွင်[/caption]
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ပညာရေး လောကသားတွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေ မနေ့ကနဲ့ ဒီနေ့ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ ဒီဗွီဘီက မေးမြန်းရာမှာ ထည့်သွင်း ဖြေဆိုလိုက်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ စတင်တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ ဆွေးနွေးပွဲအစရက်မှာ သပိတ်မှောက် ထွက်ခွာခဲ့တဲ့ တက္ကသိုလ်ဆရာများအသင်းကိစ္စကိုလည်း ဒီနေ့ ပြေလည်အောင် ညှိနှိုင်း ဆွေးနွေးကြပြီး ဆွေးနွေးပွဲ ပြန်လည်တက်ရောက်ဖို့နဲ့ ဖိတ်ကြားဖို့ သဘောတူခဲ့ကြပါတယ်။

ဒီ ၂ ရက်တာ ဆွေးနွေးပွဲမှာ မူကြို၊ အခြေခံပညာ၊ ဆရာအတတ်ပညာ၊ ကလေးဗဟိုပြု သင်ကြားနည်း၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပ ပညာရေး၊ အဆင့်မြင့် ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေး။ သစ်တောနဲ့ ဆေးပညာစတဲ့ ပညာရေးမူဝါဒ လုပ်ငန်းစဉ်မူကြမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒေါက်တာသိန်းလွင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

အပြည့်အစုံ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013