DVB Logo
Home
Lead Story
ပိုလီယိုကင်းစင်တဲ့ ပါကစ္စတန်နိုင်ငံဖြစ်ဖို့ တိုက်ပွဲသစ်
DVB
·
January 23, 2014
ပိုလီယိုကင်းစင်တဲ့ ပါကစ္စတန်နိုင်ငံဖြစ်ဖို့ တိုက်ပွဲသစ်
Donate to DVB

ပါကစ္စတန်နိုင်ငံဟာ သူငယ်နာ အကြောသေ ရောဂါတစ်မျိုးဖြစ်တဲ့ ပိုလီယိုရောဂါ ဖြစ်ပွားနေဆဲ ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံ ၃ နိုင်ငံထဲက တနိုင်ငံ ဖြစ်ပါတယ်။ မနှစ်ကတော့ ပိုလီယိုရောဂါ အခြေအနေပေါင်း ၈၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပိုလီယိုကင်းစင်တဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်မယ်လို့ အစိုးရက သန္နိဌာန် ချထားပါတယ်။

ရာမီ အူလာက အသက် ၁၃ နှစ်၊ သူ့ညီမလေး ဘာတူးလ်က ၁၀ နှစ်နဲ့ သူ့ညီလေး ဂူးလူးကတော့ ၄ နှစ်ပဲ ရှိသေးတယ်။ သူ့မိဘတွေက အလုပ်အရမ်းကြိုးစားကြပြီး သူတို့တွေဟာ ကျန်းကျန်းမာမာ နေထိုင်နေကြတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်နိးချင်း အမီနာကတော့ ပိုလီယိုကြောင့် သေဆုံးသွားပါတယ်။

1327740669-polio-free-pakistan-campaign-starts-in-peshawar_1022650သူ့ညီလေးနဲ့ညီမလေးကို ပိုလီယိုရောဂါကနေ ကင်းဝေးအောင် ကာကွယ်ဖို့ သန္နိဋ္ဌာန် ချထားတဲ့ ရာမီအူလာ က“ပိုလီယို ဆိုတာ ကလေးငယ်လေးတွေကို တိုက်ခိုက်တဲ့ ရောဂါ တမျိုးပါ။ ဗိုင်းရပ်စ်ပိုးဟာ ခပ်မြန်မြန် ပျံ့နှံ့သွားပြီး ကလေးငယ်တွေကို သူတို့ဘ၀ တလျှောက်လုံး မသန်စွမ်း ဖြစ်သွားစေပြီး တခါတလေမှာတော့ သူတို့အသက်တောင် နှုတ်ယူသွားတတ်ပါတယ်”လို့ ဆိုပါတယ်။

ဒီဇာတ်လမ်းဟာ ပါကစ္စတန် ရိုတာရီ အင်တာနေရှင်နယ် ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့က ထုတ်ဝေထားပြီး အူရဒူ၊ ပက်ရှ်တို စတဲ့ ဘာစကားတွေနဲ့ နောက်ခံစကားပြော အသံသွင်းထားတဲ့ ကျန်းမာရေးဇာတ်လမ်းတပုဒ် အမည်ရှိတဲ့ အသံထွက်စာအုပ်ထဲက တစိတ်တပိုင်း ဖြစ်ပါတယ်။

ဒီအသံသွင်းစာအုပ်ဟာ ပါကစ္စတန်လို စာမတတ်သူ များလှတဲ့ နိုင်ငံအတွက် ပြည့်စုံတဲ့ စာအုပ်တအုပ် ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် အဇစ် မန်မွန်က “ဒါက အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်း ကယ်ရိုလိုင်းနားက ရိုတာရီ အဖွဲ့ဝင်တွေရဲ့ အိုင်ဒီယာပဲပေါ့။ သူတို့က ဒီစိတ်ကူး အတွေးလေးကို ရခဲ့ပြီးတော့ ကျနော်တို့က ရှေ့ဆက်လုပ်ခဲ့တာပါ။ စာအုပ်ကို ဒီဇိုင်း ထုတ်ခဲ့တာပေါ့လေ။ ဒီ ကျန်းမာရေး ဇာတ်လမ်း ဆိုတဲ့ စာအုပ်က ပိုလီယိုရောဂါ အကြောင်းကို ဦးတည်ထားတာပါ”လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ပိုလီယိုရောဂါ ဖြစ်ပွားနေဆဲ ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံ ၃ နိုင်ငံထဲက တနိုင်ငံ ဖြစ်ပါတယ်။ မနှစ်ကတော့ ပိုလီယိုရောဂါ အခြေအနေပေါင်း ၈၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး ရောဂါဖြစ်ပွားသူ တ၀က်လောက်က ခိုင်ဘာ ပွတ်သွန်ခွာ နယ်မြေကပါ။

အာဏာရ ပါကစ္စတန် သရိခ်-အီ-အင်ဆာ့ဖှ် ပါတီဟာ ခုတော့ ပိုလီယိုရောဂါကို တိုက်ဖျက်နိုင်ဖို့ အထင်ကရ လုပ်ငန်းစဉ် တရပ်ကို လုပ်ဆောင်နေပါတယ်။ ပါတီခေါင်းဆောင် အင်မ်ရန်ခန် ဦးဆောင်တဲ့ ဒီလှုပ်ရှားမှုကနေ လာမယ့်လတွေမှာ နယ်မြေထဲက ကလေး ၂ သန်းကျော်ကို ကာကွယ်ဆေး ထိုးပေးဖို့ ရည်ရွယ် ထားတာပါ။ တာလီဘန်ရဲ့ ဖခင်ကြီးလို့ သိကြတဲ့ အစွန်းရောက်ဘာသာရေးခေါင်းဆောင် မော်လနာ ဆာမီ အူလ် ဟက်ကတောင် ခန်ကို လာရောက်ဆက်သွယ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းကတော့ ပိုလီယိုကာကွယ်ဆေး ထိုးပေးလို့ဆိုပြီး ကျန်းမာရေး လုပ်သားတွေဟာ တာလီဘန်တွေရဲ့ ပစ်မှတ်ထား သတ်ဖြတ်တာတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် ခုတော့ ခန်ဟာ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးကြဖို့ ကလေးမိဘတွေအားလုံးကို ခေါ်ယူတွေ့ဆုံပြီး ကာကွယ်ဆေး ထိုးပေးခြင်းဟာ အစ္စလာမ်ဥပဒေနဲ့ လိုက်လျောညီထွေ ဖြစ်ပါတယ်လို့ ပြောဆိုရှင်းပြနေပါတယ်။ ဘာသာရေးဆိုင်ရာ ပညာရှင် မိုလ်ဗီ ဒို့စ်ထ် မူဟမ်မဒ်ကတော့ ဒီအဆိုကို ထောက်ခံပေးပါတယ်။

“ပိုလီယိုဆေးရည်နဲ့ပတ်သက်ပြီး ဆိုးဝါးတာ၊ မှားယွင်းတာမျိုး မရှိပါဘူး။ ဒီကာကွယ်ဆေးထိုးတာ အငြင်းအခုံဖြစ်အောင် လုပ်နေတဲ့ တချို့ပုဂ္ဂိုလ်တွေက ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေတာလဲ ရှိပါတယ်။ ကမ္ဘာကြီးမှာ ပိုလီယိုရောဂါကို အမြစ်ပြတ် ချေမှုန်းထားပါပြီ။ ဒါပေမယ့် ကျနော်တို့က ဒါတွေလုပ်ရဦးမယ့် နောက်ဆုံးကျန်နေတဲ့သူထဲ ပါနေတုန်းပဲ။”

မနှစ်က ပိုလီယို ဆေးရည် တိုက်ကျွေးတာကို ခိုင်ဘာ ပက်သွန်ခွာပြည်နယ်က ကလေး ၈ သောင်း လောက်ဟာ မရခဲ့ကြပါဘူး။

ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးတဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်အသစ်ကို အားပေးကူညီနေတဲ့ အာမဒ် မူစတာဖှာက “ကျနော်တို့ ပါကစ္စတန်နိုင်ငံကနေ ပိုလီယိုရောဂါကို လုံးဝ တိုက်ဖျက်ပစ် မှာပါ။ နောက်ပြီး အစိုးရက ဘာသာရေးခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ အဆင့်ဆင့် တိုးတက်တဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နေတာကြောင့် ၂၀၁၄ ခုနှစ်ဟာ ပိုလီယိုရောဂါအတွက် နောက်ဆုံးနှစ် ဖြစ်တော့မှာပါ”လို့ ပြောပါတယ်။

ပိုလီယိုအကြောင်း အသံထွက်စာအုပ်ကို မိတ္တူပေါင်း ၅ ထောင် ဖြန့်ချိနေတာဟာ ပါကစ္စတန်နိုင်ငံဟာ မကြာခင်မှာ ပိုလီယိုကင်းစင်တဲ့ နိုင်ငံဖြစ်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်လာခဲ့ပါတယ်။

အစ္စလာမ်မာဘဒ်က မိခင်တစ်ယောက်ဖြစ်တဲ့ မာဟီရာခန်ကတော့ ဒီစာအုပ်ထဲက ဇာတ်လမ်းလေးကို သူ့ကလေးတွေကို ပြောပြဖို့ အဆင်သင့်ဖြစ်နေပါပြီ။

“ဒီလို ဂီတသံတွေနဲ့ ပုံပြင်ဇာတ်လမ်း စာအုပ်တွေကနေတဆင့် ကလေးတွေ ဆီကို အားကောင်းတဲ့ သတင်းစကားပေးတာဟာ ရိုတာရီ နိုင်ငံတကာအဖွဲ့ဆီက စိတ်ကူးကောင်း တခုပါပဲ။ ဒါက ကလေးငယ်တွေရဲ့ စိတ်ကူးခံစားချက်အတိုင်း ပုံစံထုတ်ထားတာပါ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် မာလစ် အာယွဘ် ဆမ်ဘာလ်က အစ္စလာမ်မာဘက်ကနေ သတင်းပေးပို့ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013