DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ညီလာခံ ရက်တိုးဆွေးနွေး
DVB
·
January 22, 2014
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ညီလာခံ ရက်တိုးဆွေးနွေး
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေရဲ့ ညီလာခံကို ကရင်အမျိုးသား အစည်းအရုံးပိုင်နယ်မြေ လောခီးလာမှာ တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပြီး သတ်မှတ်ရက်နဲ့ မပြီးပြတ်တာကြောင့် ရက်ထပ်တိုးဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

165995_649876888384148_867815558_nညီလာခံ တတိယမြောက်နေ့မှာ ညှိနှိုင်းရေးအဖွဲ့က ရေးသားပေးပို့ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းကို တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးက ဆွေးနွေးသုံးသပ်ကြပြီး အပြီးမသတ်တာကြောင့် နောက်ရက်တွေကို ညီလာခံ ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံ ပြောခွင့်ရသူ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ကို ညှိနှိုင်းရေး အဖွဲ့ကနေ ရေးသားပြုစုထားတဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက်စာချုပ် စာသား မူကြမ်းကို တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက အစုအဖွဲ့လိုက် ပြန်လည် သုံးသပ်ပြီး တင်ပြတဲ့ အစည်းအဝေးပါ။ သုံးသပ်တာနဲ့ ပြန်လည်တင်ပြတာနဲ့ အချိန်က ကုန်သွားတယ်။ သုံးသပ်ရာမှာ အချို့အဖွဲ့တွေက အဖွဲ့လိုက်သုံးသပ်တယ်၊ တချို့အဖွဲ့တွေ ကလည်း ၂ ဖွဲ့ ၃ ဖွဲ့ စုပေါင်းသုံးသပ်တာတွေရှိတယ်။ သူတို့ တင်ပြလို့ပြီးသွားပြီ မနက်ဖြန်မှာ ပြန်လည် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”
ညီလာခံသုံးရက်အတွင်း မပြီးပြတ်တာကြောင့် အနည်းဆုံးတစ်ရက် နှစ်ရက် ထပ်မံ ရက်တိုးကြမယ်လို့ သူက ပြောပ့ါတယ်။

ဒီညီလာခံကနေ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကိုင်စွဲထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာတမ်းကိုတော့ ရလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီစာတမ်းကို ကိုင်စွဲပြီး အစိုးရဘက်နဲ့ ညှိနှိုင်းမှာဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေရဲ့ ကေအိုင်အိုဌာနချုပ်လိုင်ဇာမှာကျင်းပတဲ့ ပထမအကြိမ် ညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောထားကို ချမှတ်နိုင်ခဲ့ပါ တယ်။ အဲဒီ ညီလာခံမှာရော အခုကျင်းပတဲ့ ညီလာခံမှာပါ မြန်မာပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုထဲမှာ အင်အားအကြီးမားဆုံး ၀ပြည် သွေးစည်းညီညွတ်ရေးပါတီက တက်ရောက်တာ မရှိပါဘူး။

ဒါနဲ့ပတ်သက်လို့ ညီလာခံဆုံးဖြတ်ချက်တွေအပေါ် တစုံတရာ ထိခိုက်နိုင်ခြေရှိမလားလို့ မေးကြည့်တဲ့အခါ ပဒို စောကွယ်ထူးဝင်းက မထိခိုက်နိုင်ဘူးလို့ ထင်မြင်ကြောင်း ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မူကြမ်းပေါ့နော်။ အစိုးရဘက်က တူညီတဲ့အပိုင်းရှိသလို မတူညီတဲ့အပိုင်းလည်း ရှိမှာပေါ့။ ဒါက ဆက်ပြီး ညှိရမှာပေါ့။ ကိုယ့်ဘက်မှာတော့ ကိုယ့်မူကြမ်းနဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ရေးဆွဲတဲ့နေရာမှာတော့ အစိုးရရဲ့ လက်ခံနိုင်တဲ့ အမြင်သဘောထားတွေကိုလည်း ကျနော်တို့ အလေးထားပြီးတော့ ရေးဆွဲတာပေါ့လေ။”

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေကြတာဖြစ်ပြီး လက်ရှိကာလမှာ အစဉ်အဆက် ဖြစ်ထွန်းမှုမရှိဖူးတဲ့ တပြည်လုံးအပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ နိုင်ငံရေးမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး လုပ်ဆောင်ရေးတွေကို အစိုးရနဲ့ သဘောတူညီနိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013