DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်ခဲ့သည့် ကျဆုံးပြည်သူ ၁၃၄၆ ဦးရှိလာ၊ ၈,၀၈၆ ဦး ချုပ်နှောင်ခံထားရ
DVB
·
December 18, 2021
စစ်တပ်က ပစ်သတ်ခဲ့သည့် ကျဆုံးပြည်သူ ၁၃၄၆ ဦးရှိလာ၊ ၈,၀၈၆ ဦး ချုပ်နှောင်ခံထားရ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၄၆ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၀၈၆ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၉၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၅ ဦးရှိပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ ကိုသီဟနိုင်ဟာ ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ ကျည်ပေါက်တောကျေးရွာဘက် ပြန်လာစဉ် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အခင်းဖြစ်နေရာမှာ ကျဆုံးသွားခဲ့ပြီး အတူပါလာသူ တစ်ဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။ ကိုသီဟနိုင်တို့နှစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် စစ်တပ်က စစ်ဆေးဖို့ တားဆီးရာ ရပ်တန့်မပေးတာကြောင့် ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ မဆယ်ဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်က NLD ပါတီဝင် ကိုမောင်မောင်ကို လာရောက်ဖမ်းဆီးရာ မတွေ့တာကြောင့် အစ်ကိုဖြစ်သူ ကိုဇော်မင်းထွန်းကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013