DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းနယ်မြေခံ ဂျာနယ်သတင်းထောက် ထောင် ၃ နှစ်ချမှတ်ခံရ
DVB
·
December 17, 2021
လက်ပံတန်းနယ်မြေခံ ဂျာနယ်သတင်းထောက် ထောင် ၃ နှစ်ချမှတ်ခံရ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ နယ်မြေခံ Bagoweekly Journal ပဲခူးသတင်းစဉ် သတင်းထောက် ကိုငြိမ်းချမ်းကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထောင် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

မိသားစုဝင်တဦးက “ကိုငြိမ်းချမ်းကို မေလ ၁၅ ရက်နေ့က သူတို့နေထိုင်တဲ့ လက်ပံတန်းမြို့နယ်၊ ခမုံရွာမှာ စစ်ကောင်စီတပ်သားတွေက လာဖမ်းသွားတာ။ ဖမ်းသွားကတည်းက မိသားစု နဲ့တွေ့ခွင့်မရဘူး” လို့ ပြောပါတယ်။

ကိုငြိမ်းချမ်းဟာ Bagoweekly Journal ပဲခူးသတင်းစဉ်မှာ လက်ပံတန်း ငြိမ်းချမ်း အမည်နဲ့ သတင်းတွေ ရေးသားနေသူတဦးဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုငြိမ်းချမ်း ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလပိုင်းကတည်းက သာယာဝတီအကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ထားပြီး ဒီဇင်ဘာ ၁၆ ရက် နေ့မှာ ထောင်တွင်းတရားရုံးကနေ ရာဇသတ်ကြီးဥပ ဒေပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ်ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် သာယာဝတီခရိုင်တရားရုံးမှာလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(ဂ) နဲ့ ထပ်တိုးတရားဆွဲဆို ခံထားရပြီး အမှုရင်ဆိုင်နေရတယ်လို့ ကိုငြိမ်းချမ်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်ကအ ာဏာသိမ်းပြီးနောက်ပိုင်း သာယာဝတီခရိုင်မှာ လက်ပံတန်းမြို့၊ နယ်မြေခံ Bagoweekly Journal ပဲခူးသတင်းစဉ် သတင်းထောက် ကိုငြိမ်းချမ်း အပါအဝင် သတင်းထောက် ၂ ဦး မတရားဖမ်းဆီးထောင်ချခံရပြီး မင်းလှမြို့နယ် ဒီဗွီဘီသတင်းထောက်ဟောင်း ကိုသက်နိုင်ဝင်းကတော့ ပြီးခဲ့တဲ့လအနည်းငယ်က ပြန်လည်လွတ်မြောက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013