Home
မြန်မာသတင်း
မြိုင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
DVB
·
December 17, 2021
267525521_2727018154266295_6087707196773720801_n

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မြိုင် PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ မြိုင် PDF ကနေ သိရပါတယ်။

မြိုင်မြို့နယ် ငါးမြောင်းရွာနားမှာ မနေ့ မွန်းလွဲ ၁ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းက ရှေ့ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို မြိုင်PDF တပ်ဖွဲ့က ချုံခိုပြီးတော့ သေနတ်နဲ့ ပစ်ခတ်သုတ်သင်နိုင်ခဲ့တယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန်က ပြောပါတယ်။

နှစ်ဖက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြိုင် PDF က ရဲဘော်တစ်ယောက် လက်မောင်း ကျည်ဆန်ထိမှန်ဒဏ်ရာရပြီးတော့ ကျန်တဲ့ ရဲဘော်တွေအားလုံး အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်ကို စစ်အုပ်စုတွေက ငါးမုန်း၊ ငါးမြောင်းဘက်မှာ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ သက္ကယ်ကန်ရွာဘက်မှာ အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်း တစ်ကြောင်းနဲ့ မင်းသားကျဘက်မှာ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း အားလုံးစစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၅ ရက်ကလည်း မြိုင်PDF တပ်ဖွဲ့က စစ်ကောင်စီကား ၂ စီးနဲ့ လက်ပံတိုရေနံမြေ ရဲကင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရ ပြီး ကျောက်ခွက်ရေနံမြေရဲကင်းကိုမီးရှို့ ဖျက်စီးပြီးတော့ လျှပ်စစ်ထရန်စဖော်မာ တစ်ခုကိုပါ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024