DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်
DVB
·
December 17, 2021
ဘီးလင်းမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေ‌ကျေးရွာအုပ်စု၊ ကျသောင်းဆိပ်ကျေးရွာမှာ ကေအန်ယူ လက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်BGF တပ်တို့ ဒီဇင်ဘာလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျ‌သောင်းဆိပ်ကျေးရွာမှာရှိတဲ့ BGF တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLAနဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က မနက် ၄ နာရီအချိန်လောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က နေ့လယ် ၂ နာရီအချိန်ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး မြေပြင် အ‌‌ခြေအနေ အသေးစိတ်ကို မသိရဘူးလို့ ပြောပါတယ်။

တိုက်ပွဲထဲ ရောက်နေသူ တစ်ဦးကတော့ BGF တပ်စခန်းကို သိမ်းပိုက်နိုင်မယ့် အခြေအနေကို ရောက်ရှိနေပေမယ့် ဖာပွန်မြို့နယ်ရှိ BGF တပ်စခန်းက လက်နက်ကြီးတွေ ပစ်ကူနေလို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။

အဲတိုက်ပွဲကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရသလို တချို့ဒေသခံတွေကတော့ ဗုံးခိုးကျင်းတွေထဲမှာ ဝင်ရောက် ပုန်းခိုနေကြတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာမှာရှိ BGF တပ်စခန်းဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရိက္ခာပို့တာနဲ့ တပ်အပြောင်းအလဲ ပုံမှန် ပြုလုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013