DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် သပိတ်ကျင်းက လူငယ်အလောင်း ပြန်မပေးသေး
DVB
·
December 17, 2021
စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် သပိတ်ကျင်းက လူငယ်အလောင်း ပြန်မပေးသေး
Donate to DVB

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျ နဲ့ ကျောက်ဖြူကျေးရွာကြားမှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့အလောင်း ဒီနေ့အထိ ပြန်မပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဇရပ်ကွင်းကျေးရွာဒေသခံ ကိုသီဟနိုင်ဟာ ကျည်ပေါက်တော ကျေးရွာဘက်ကို ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့  ပြန်လာစဉ် စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့ပြီး အတူပါလာသူကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုသီဟနိုင်တို့နှစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးဖို့ တားရာမှာ ရပ်မပေးတာကြောင့် ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

အလားတူ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်း ရဲစခန်းအတွင်းက ပစ်ခတ်မှုကြောင့် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ Special Force 11 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၆ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းက ရဲတပ်ဖွဲ့ ဝင်တစ်ဦး ကွမ်းယာထွက်ဝယ်စဉ်မှာ ပစ်ခတ်ခံရပြီးနောက် ရဲစခန်းအတွင်းက ပြန်လည် ပစ်ခတ်ရာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အဲဒီလူငယ် ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။ 

အသက် ၁၈ နှစ်အရွယ် လူငယ်ဟာ ဦးခေါင်းကို ထိမှန်ခဲ့တာဖြစ်ပြီး ညနေ ၃ နာရီ သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013