DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်တွင် ညဘက်သွားလာခြင်းမပြုရန်ကေအန်ယူ သတိပေး ထုတ်ပြန်
DVB
·
December 17, 2021
သထုံမြို့နယ်တွင် ညဘက်သွားလာခြင်းမပြုရန်ကေအန်ယူ သတိပေး ထုတ်ပြန်
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကေအန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေမှာ   မနက် ၆ နာရီက‌နေ ညနေ ၆ နာရီအထိသာ သွားလာကြဖို့ အပါအဝင် လိုက်နာ ဆောင်ရွက်ရမယ့် အချက် ၄ ချက်ကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သထုံမြို့နယ်က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီသတိပေးစာမှာတော့ ခရီးသွားလာခွင့်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြဖို့နဲ့ ကန့်သတ်အချိန် ကျော်လွန်ပြီး သွားလာခြင်းမပြုကြဖို့ အပါအဝင် KNLA တပ်ရင်း(၂) ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဉ်အသုံးပြုသွားလာရင် ကားမှန်ချ မောင်းနှင်ကြဖို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မော်တော်ကား၊ ဆိုင်ကယ်တွေနဲ့ ခရီးသွားလာရာမှာလည်း တာဝန်အရ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံပေးကြဖို့နဲ့  အရေးပေါ်ကိစ္စ ပေါ်ပေါက်လာရင် သက်ဆိုင်ရာတာဝန်ရှိထံ ဆက်သွယ်အကြောင်းကြားဖို့နဲ့ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိရင် ဖြစ်လာမယ့် ပြဿနာတွေကို တာဝန်ယူမယူဘူးလို့ ကေအန်ယူက သတိပေးထားတာ ဖြစ်ပါတယ်။

အခုလို ထုတ်ပြန်ရတာဟာ စစ်ကောင်စီဘက်က ကေအန်ယူ တပ်မဟာ (၁) နယ်မြေထဲကို စစ်အင်အားတိုးချဲ့တာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ အရပ်ဝတ်အပြင် အရပ်သားကားတွေကို အသုံးပြုလာတဲ့အတွက်ကြောင့် ပြည်သူတွေ ထိခိုက်မှု မရှိအောင် အမိန့်ထုတ်ပြန်ရတာလို့ ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ ဆင်ခြင်ကြဖို့နဲ့ ကေအန်ယူ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာပေးကြဖို့ ပဒိုစောစိုးမြင့်က တိုက်တွန်းပါတယ်။

သထုံမြို့နယ်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၁) တပ်ရင်း (၂) နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့တာတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013