DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံ တောင်းဆိုချက်အား စိတ်ပျက်ဟု စစ်အာဏာရှင်ပြော
DVB
·
August 9, 2026
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Donate to DVB

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ပါ တောင်းဆိုချက်တချို့ကို စိတ်ပျက်မိပြီး အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေအပေါ် လိုအပ်သလို တုံ့ပြန်မယ်လို့ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အာဆီယံဥက္ကဋ္ဌက ဩဂုတ် ၇ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်တောင်းဆိုလိုက်အပြီး စစ်အာဏာရှင်အစိုးရဘက်က အခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာပါရှိတဲ့ ‘ဒေါ်အောင်ဆန်းစုကြည်ကို  ခြွင်းချက်မရှိ အပြည့်အဝ လွှတ်ပေးဖို့’ နဲ့ ‘ထိန်းသိမ်းခံထားရသူများကို တွေ့ဆုံခွင့် ပိုမိုပေးဖို့’ စတဲ့ တောင်းဆိုချက်တွေဟာ  နိုင်ငံတနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာမူတွေကိုထိခိုက်စေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေအရ အရေးယူထားတာဖြစ်လို့ ခြွင်းချက်မရှိလွှတ်ပေးရေးဟာ ဥပဒေအတိုင်းပဲ ဖြစ်နိုင်မယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာတဲ့ အစိုးရက တာဝန်ယူထားပြီးဖြစ်လို့ နောင်မှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့နဲ့ သူ့ရဲ့  အခန်းကဏ္ဍဟာ ဆက်မလိုတော့ဘူးလို့လည်း စစ်အာဏာရှင်က ထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေးဆိုတဲ့ အာဆီယံပဋိညာဉ်ပါမူတွေကို လိုက်နာဖို့နဲ့  အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံတာတွေအပေါ်မှာလည်း လိုအပ်သလို တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013