DVB Logo
Home
Lead Story
ကြိုးဖုန်းကြွေးကျန် ကျပ်ငွေ ၄ ဘီလီယံဖိုးအထိ ရှိနေ
DVB
·
January 22, 2014
ကြိုးဖုန်းကြွေးကျန် ကျပ်ငွေ ၄ ဘီလီယံဖိုးအထိ ရှိနေ
Donate to DVB

လက်ရှိ တပ်ဆင် အသုံးပြုနေတဲ့ ကြိုးဖုန်းတွေရဲ့ ကြွေးကျန် စုစုပေါင်းဟာ ကျပ်ငွေ ၄ ဘီလီယံလောက် ရှိနေတာမို့ ကြိုတင်ငွေဖြည့်ကတ် စနစ် တဖြည်းဖြည်း ကျင့်သုံးသွားဖို့ စီစဉ်နေတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်း ထုတ်ပြန်ပါတယ်။

linePhoneလောလောဆယ် ကြိုးဖုန်း ကြိုတင်ငွေဖြည့်စနစ်ကို ရန်ကုန် နယ်မြေ ၄ ခုမှာ ဆောင်ရွက်ပေးနိုင်ပြီး နောက်ပိုင်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

ကြိုးဖုန်း ကြိုတင်ငွေဖြည့်ကဒ်စနစ်ဆိုတာ လက်ရှိ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုသလို ငွေဖြည့်ကဒ် တခုထဲက ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး ကြိုတင် ငွေဖြည့်သွင်း သုံးစွဲရတဲ့စနစ် ဖြစ်ပါတယ်။

ဒီ စနစ်ကို မိုဘိုင်းဖုန်း အားလုံးနီးပါးလောက်မှာ အသုံးပြုနိုင်ပေမယ့် ကြိုးဖုန်းတွေမှာ အသုံးမပြုနိုင်သေးတဲ့အတွက် ခုလို ကြွေးကျန် အလွန်များနေရတာ ဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013