DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မိုးကုတ်ရွှေဆိုင် လူသတ်လုယက်မှု တရားခံ မမိသေး
DVB
·
January 22, 2014
မိုးကုတ်ရွှေဆိုင် လူသတ်လုယက်မှု တရားခံ မမိသေး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်မှာ ရှိတဲ့ နဂါးနဲ့ မီလျံ ရွှေဆိုင်ကို လက်နက်ကိုင်ထားတဲ့ လူတစုက ၀င်ရောက်စီးနင်းပြီး ရွှေ ၆ ပိဿကို ယူဆောင် သွားပါတယ်။

Mogokဇန်န၀ါရီ ၂၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်မှာ ဆိုင်ကယ် ၃ စီးနဲ့ ပစ္စတို သေနတ် ၄ လက် ကိုင်ဆောင်ထားပြီး မျက်နှာဖုံး စွပ်ထားတဲ့ အမည်မသိ လူတစုက ၀င်ရောက် စီးနင်းခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

မီလျံနဲ့ နဂါးရွှေဆိုင်ကို သေနတ် ပစ်ဖောက် ၀င်ရောက်ကာ မှန်ကောင်တာတွေကို ပါလာတဲ့ တူတွေနဲ့ ရိုက်ခွဲပြီး မီလျံရွှေဆိုင်က ရွှေ ၂ ပိဿ၊ နဂါးရွှေဆိုင်က ရွှေ ၄ ပိဿ စုစုပေါင်း ရွှေ ၆ ပိဿကို ယူဆောင်သွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

"အဲဒီရွှေဆိုင် ၂ ဆိုင်ကို လူခွဲပြီး ၀င်တာ။ CZI အမျိုးအစား ဆိုင်ကယ် ၃ စီးနဲ့ မျက်နှာဖုံးတွေ ၀တ်ထားလူငယ်တွေပေါ့။ ပစ္စတိုလို့ ယူဆရတဲ့ သေနတ် ၄ လက်ခန့် ကိုင်ဆောင်ပြီး ရောက်ရှိလာတယ်။ အဲဒီမှာ ရွှေဆိုင် ၂ ဆိုင်အတွင်းကို လူစုခွဲ ၀င်ရောက်ပြီးတော့ မှန်ကောင်တာတွေကို ရိုက်ခွဲတာ။ နဂါးရွှေဆိုင်ကို လူငယ် ၆ ဦးက နှာခေါင်းစည်းအနက်တွေ ခေါင်းစွပ်တွေ ၀တ်ဆင်ပြီးမှ သေနတ်နဲ့ ပစ်ဖောက်ပြီးဝင်တယ်။ ပါလာတဲ့ သံတူတွေနဲ့ ရွှေဆိုင်ရဲ့မှန် ကောင်တာကို ရိုက်ခွဲတယ်။ မီလျံရွှေဆိုင်က ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ၂ ပိဿလောက် ပါသွားတယ်။ နဂါးရွှေဆိုင်က ရွှေထည် လက်ဝတ်ရတနာ မျိုးစုံ ၄ ပိဿလောက်ပါသွားတယ်။ ၁ ယောက်သေတယ်။ ၁ ယောက် ဒဏ်ရာရတယ်။"

လက်နက်ကိုင်လူတစုရဲ့ ပစ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး တဦး ဒဏ်ရာရ ရှိသွားသလို ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အရင်က လုယက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် ဓားပြမှုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိသလို နေခင်းဘက်မှာ အခုလို ဖြစ်ပွားခဲ့တဲ့အတွက် မြို့ခံတွေအနေနဲ့ စိုးရိမ်ပူပန်နေတယ်လို့ မိုးကုတ်မြို့ခံ ဦးထွန်းဦးက ပြောပါတယ်။

"အခုအချိန်အထိတော့ မကြားသေးဘူး။ ဘာလို့လည်းဆိုတော့ သူတို့က လူစိမ်းတွေဖြစ်နေတယ်။ တွေ့ဖူးတဲ့သူမရှိဘူး ပြောတယ်။ နေ့လည်ကြီးဖြစ်တယ်ဆိုတော့ စိုးရိမ်တယ်။ ဒါမျိုးက သိပ်မဖြစ်ဖူးဘူး။ အရင်တုန်းက ဖြစ်တယ်ဆိုတာ ရွှေဆိုင်ကို လုတာလောက်ပဲရှိတယ်။ နေ့လည် ၂ နာရီ မြို့လယ်တည့်တည့်မှာ ဖြစ်တာလေ။"

လုယက်သူတွေဟာ လူစိမ်းတွေ ဖြစ်သလို အခုချိန်ထိ ဖမ်းဆီးနိုင်သေးတာ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013