DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ၃ နေရာတွင် တိုက်ပွဲဖြစ်ပွား
DVB
·
December 16, 2021
ကယားပြည်နယ် ၃ နေရာတွင် တိုက်ပွဲဖြစ်ပွား
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၆  ရက် ဒီကနေ့ မနက် ၉ နာရီလောက်က   နားကွယ်ရွာနဲ့ ရေကန်ရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ လယ်ကွင်းထဲ ပိတ်မိနေခဲ့လို့  ခမရ ၅၃၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ပြီး စစ်ကူ ပေးခဲ့တယ်လို့ ကရင်နီတပ်မတော်ကပြောပါတယ်။

ဒီတိုက်ပွဲအတွင်း ကရင်နီတပ်မတော်(KA) ဗိုလ်အဆင့်ရှိသူတယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ကရင်နီတပ်သားတွေထံက သိရပါတယ်။

အဆိုပါဒေသကို မနေ့တုန်းက  စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးအနားကျေးရွာက ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာအုပ်စု ဝမ်လထွား ကျေးရွာမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ စတင်ပစ်ခတ် ထိုးဖောက်ဝင်ရောက်ကာ KNDF တပ်ရင်း ၉ နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က  ၄ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး KNDF ရဲဘော်နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တယောက်  ဒဏ်ရာ ပြင်းထန်ကြောင်း KNDF B-09  ပြောခွင့်ရသူက ပြောပါတယ်။ 

“ တိုက်ပွဲက မနက် ၁၀ နာရီလောက်မှာဖြစ်တာ။ ထိခိုက်သေဆုံးတာက စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်းကျပြီးမှ ၅ ဦးထက်နည်း ဒဏ်ရာရတယ်။ ဒါက တိကျမှုနဲ့ မျက်မြင်ကိုယ်တွေ့နဲ့ကိုပြောတာပေါ့နော်။ ကျနော်တို့ လူကလည်း ၂ ယောက်ထိတယ်လေ။ တယောက်က မစိုးရိမ်ရဘူးဆိုပေမယ့် ခြေထောက် နှစ်ဖက်လုံးထိတာပေါ့နော်။ နောက်တဦးကလည်း တော်တော်လေးထိသွားတယ်။ ဒဏ်ရာပြင်းထန်တယ်ပေါ့နော်။”

ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်မှာလည်း ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု မသိရသေးပါဘူး။

Photo-KNDF-BO9

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013