DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အိုမီခရွန်ပိုးတွေ့သူ ၉ ဦး အတည်ပြု
DVB
·
December 16, 2021
ထိုင်းနိုင်ငံတွင် အိုမီခရွန်ပိုးတွေ့သူ ၉ ဦး အတည်ပြု
Donate to DVB

ထိုင်းနိုင်ငံမှာ သံသယရှိသူ  ၁၄ ယောက်ကို ဆေးစစ်ရာမှာ  ၉ ယောက်မှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်ခံရတာ အတည်ပြုနိုင်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကုသရေးနဲ့ဆေးသိပ္ပံဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

ပိုးတွေ့သူတွေအားလုံးဟာ  နိုဝင်ဘာ ၁ ရက် နောက်ပိုင်းမှ နိုင်ငံခြားကနေ ထိုင်းနိုင်ငံကို ဝင်ရောက်လာသူတွေချည်းဖြစ်ကြောင်း၊ လေဆိပ်မှာ ကိုဗစ်-၁၉ စစ်ဆေးပြီး နေထိုင်မကောင်းဖြစ်သူတွေကို ထပ်မံစစ်ဆေးရင်း အိုမီခရွန်ပိုးကိုတွေ့ရှိတာလို ဆေး သိပ္ပံဦးစီးဌာနညွှန်မှူး ဒေါက်တာဆူဖကစ် ဆီရီရတ်ဆ်က ဒီဇင်ဘာ ၁၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုလျော့လာလို့ RT-PCR စနစ်နဲ့ မစစ်ဘဲ ATK  နဲ့သာ စစ်ဆေး နေရာက အိုမီခရွန်ပေါ်လာတော့ နဂို RT-PCR နဲ့ စစ်ဆေးနည်းကို ပြန်သုံးပြီး ရောဂါရှိမရှိ စစ်ဆေးနေတာ ဖြစ်ပါတယ်။

အိုမီခရွန်စစ်ဆေးတဲ့ ဓာတ်ခွဲခန်းမှာ ဆေးသိပ္ပံဌာနနဲ့ ကွန်ရက်အဖွဲ့အစည်းတွေဆီမှာသာရှိပြီး စစ်ဆေးနည်း အဆင့် ၃ ဆင့်ရှိကြောင်း၊ ပထမဆင့် SNP နည်းနဲ့ ၁-၂ ရက်၊ Target sequence နည်းနဲ့ ၃ ရက်၊ whole genome sequencing နဲ့ ၅- ၇ ရက်ကြာမြင့်တယ်လို့ ဆိုပါတယ်။

လတ်တလော ဘန်ကောက်နိုင်ငံတကာလေဆိပ်မှာ နိုင်ငံခြားက ဝင်ရောက်လာသူ နေ့စဉ်ထောင်နဲ့ချီတဲ့လူတွေကို စစ်ဆေးနေပြီး ထပ်စစ်ရင်လည်း ထပ်တွေ့ဦးမှာဖြစ်သလို ပြည်တွင်းကူးစက်မှုတွေလည်း ရှိလာနိုင်တယ်လို့ ဒေါက်တာ ဆူဖကစ်က ပြောပါတယ်။

ဒါပေမဲ့ တခြားနိုင်ငံတွေမှာလည်း ခုလိုကူးစက်နေတာမို့ ထိတ်လန့်စိုးရိမ်ဖို့မလိုဘဲ ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားကြောင်း၊ အရေးကြီးဆုံးအချက်မှာ မြန်မြန်တွေ့ရှိပြီး အမြန်ဆုံးကုသ နှိမ်နင်းနိုင်ဖို့ပဲလို့လည်း ပြောပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဒီကနေ့ နောက်ဆုံးရ ကိုဗစ်-၁၉ အခြေအနေမှာ ပိုးကူးစက်ခံရသူအသစ် ၃၆၈၄ ဦး၊ သေဆုံးသူ ၂၆ ဦးရှိပါတယ်။ ထိုင်းမှာ ဒီနှစ် ဧပြီလကစ ခုချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရခံသူစုစုပေါင်း ၂၁၈၁,၉၆၀ ဦး၊ သက်သာပျောက်ကင်းသူပေါင်း ၂,၀၈၇,၈၀၆ ဦး၊ သေဆုံးသူ ၂၁,၂၈၆ ဦးရှိတယ်လို့ ကိုဗစ်ထိန်းချုပ်ကွပ်ကဲရေးဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။ ကိုးကား - https://www.khaosod.co.th/breaking-news/news_6783837

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013