DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကို PDF အား ထောက်ပံ့သည်ဟုစွပ်စွဲပြီး စစ်တပ်ကဖမ်းဆီး
DVB
·
December 16, 2021
တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကို PDF အား ထောက်ပံ့သည်ဟုစွပ်စွဲပြီး စစ်တပ်ကဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို PDF အားထောက်ပံ့တယ်ဆိုပြိး စွပ်စွဲကာ အရပ်ဝတ် စစ်ကောင်စီတပ်သားတချို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်က နေအိမ်ကိုလာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောပါတယ်။

“ကျ​နော့်သားကို ဖမ်းလာတဲ့အချိန်ကတော့ မနက် ၉ နာရီလောက်မှာပါ။ ဖမ်းဆီးဖို့လာတဲ့ သူတွေကလည်း အရပ်ဝတ်တွေနဲ့လာကြတာ။ သူတို့ပြောတာကတော့ စခန်းမှူးက စကား ၁ ခွန်း၊ ၂ ခွန်းလောက်ပြောချင်လို့ ခေါ်ဖို့လွှတ်လိုက်လို့လာတယ်ဆိုပြီး ပြောတယ်။ ကျနော်ကလည်း စကား ပြောချင်လို့ခေါ်ဖို့ လွှတ်လိုက်တဲ့သူတွေကလည်း လူ ခြောက်ယောက်ခုနှစ် ယောက်ရှိတယ်ဆိုတော့ သံသယဖြစ်မိလို့ သားကိုဖမ်းဖို့လာတာ နဲ့ တူတယ်ဆိုပြီးတော့ ကျနော့်သားကိုပြောတော့ သူကမဟုတ်တာ ဘာမှ လုပ်ထားတာမရှိဘူးဆိုပြီး ပြောတယ်။ ကျနော့်သားကို ဖမ်းသွားတုန်းက သူကိုင်နေတဲ့ ဖုန်းနဲ့ ကွန်ပျူတာကိုလည်း သိမ်းသွားခဲ့တယ်။ ကျနော့်သားကို ရန်ကုန်မှာတော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့တယ်လို့ စွပ်စွဲတာ၊ ပြီးတော့ ပုဒ်မ ၅၀ (ည) နဲ့ ဖမ်းတယ်” လို့ ပြောပါတယ်။

ကိုမင်းကိုဦးဟာ တောင်ကုတ်မြို့နယ် အပါအဝင် တခြားမြို့နယ်တွေက လူငယ်တွေကို အခမဲ့ ပညာသင်ကြားပေးနေသူ ၁ ဦးဖြစ်ကာ ကိုဗစ်ကာလအတွင်း တောင်ကုတ်မြို့နယ်အတွင်းက စားဝတ်နေရေးအခက်အခဲရှိသူတွေကို အလှူခံပြီး ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတဲ့ ပရဟိတ လူငယ် ၁ ဦးဖြစ်သလို သူဟာ ဘယ်အဖွဲ့အစည်းကိုမှ ထောက်ပံ့မှုမရှိတာကြောင့် မတရားစွပ်စွဲဖမ်းဆီးခံရတာလို့ ဦးခင်မောင်စိန်က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက သံသယနဲ့ဖမ်းဆီးထားသူ ၉ ဦးထိရှိလာပြီး သံတွဲမြို့နယ်က အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး၊ မြောက်ဦးမြို့နယ်က အမျိုးသား ၁ ဦး၊ ကျောက်ဖြူမြို့နယ်က အမျိုးသမီး ၁ ဦးနဲ့ တောင်ကုတ်မြို့နယ်က အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီးတရားဆွဲဆိုထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013