DVB Logo
Home
မြန်မာသတင်း
ရွှေ့လျားစာသင်ကျောင်းနဲ့ လက်ဘက်ရည်ဆိုင်က ကလေးလုပ်သားတွေကို ပညာအလှူပြု
DVB
·
January 22, 2014
ရွှေ့လျားစာသင်ကျောင်းနဲ့ လက်ဘက်ရည်ဆိုင်က ကလေးလုပ်သားတွေကို ပညာအလှူပြု
Donate to DVB

My ME ပရဟိတအဖွဲ့က စာသင်ခုံတွေ တပ်ဆင်ထားတဲ့ ရွှေ့လျားကားတစီးနဲ့ ရန်ကုန်မြို့ရှိ လက်ဘက်ရည်ဆိုင်က ကလေးတွေကို စာလိုက်သင်ပေးနေပါတယ်၊

Myanmar Mobile Education (My ME) လို့ခေါ်တဲ့ မြန်မာရွှေ့လျားပညာဒါန ပရဟိတအဖွဲ့ဟာ ၁ လအတွင်းမှာပဲ လက်ဖက်ရည်ဆိုင်တွေက ပညာသင်ချင်တဲ့ ဆရာမ ၄ ဦးနဲ့ စသင်နေတာ ဖြစ်ပါတယ်။

[caption id="attachment_50623" align="alignleft" width="300"]ဓာတ်ပုံ - My Me website ဓာတ်ပုံ - My Me website[/caption]စာသင်ခုံ ၂၀ ဆံ့တဲ့ ဘီအမ်ကားတစီးနဲ့ လက်ဘက်ရည်ဆိုင် လုပ်သားတွေရဲ့ လုပ်ငန်းခွင်ထိ သွားရောက်ပြီး ကားပေါ်မှာ သင်ကြားကြပါတယ်။ ကားပေါ်မှာ ဆိုလာမီးပေး စနစ်ကို တပ်ဆင်ထားပါတယ်။

ဒီအစီအစဉ်ကြောင့် လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေကြတဲ့ ကလေးငယ် ၁၂၀ လောက်ကို အလုပ်ပြီးချိန် ညနေပိုင်းမှာ စတင်သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

၁ ရက်ကို ၂ နာရီနဲ့ ၁ ပတ် ၆ ရက် ၆ လ သင်ရိုးနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

၃ ခုခွဲ သင်ကြားပေးနေတယ်လို့ My ME ရဲ့ ဒါရိုက်တာ တင်မောင်မောင်အေးက ဒီ ၆ လ သင်တန်းပြီးတဲ့အခါ လက်ဘက်ရည်ဆိုင်တွေ သာမကဘဲ စားသောက်ဆိုင်တွေက ကလေးတွေ ကိုပါ တိုးချဲ့သင်ကြားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ပညာရေးသုတေသနက research စမ်းသပ်ထားတဲ့သင်ရိုးတွေနဲ့ နိုင်ငံခြားကျောင်းတွေက သင်ရိုးညွန်းတမ်းတွေ ၂ ခုကို ပေါင်းပြီး ကျောင်းသားတွေရဲ့ လက်ရှိ အခြေအနေနဲ့ အဆင်ပြေ ဆုံး ဖြစ်အောင် ပြန်ပြင်ပြီး သင်ကြားပေးနေတာ ဖြစ်ပါတယ်။

အငယ်ဆုံး ၁၃ နှစ်ကနေ အကြီးဆုံး ၂၁ အရွယ်ရှိ ကျောင်းသားတွေ လာရောက် သင်ကြားပါတယ်။

My ME အဖွဲ့ကတော့ ကလေးတွေ စာသင်ခန်းဆီ မလာနိုင်ရင် ကလေးတွေဆီ စာသင်ခန်းက သွားမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ လှုပ်ရှားနေကြတာ ဖြစ်ပြီး ဒီလို လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကိုလည်း တင်မောင်မောင်အေးက ခုလို ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်မှာ နေ့စဉ် နာရီပေါင်းများစွာ အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေကို အခြေခံ ပညာပေးနိုင်မယ်ဆိုရင် သူတို့အနေနဲ့ လက်ရှိ ဘ၀လေးတွေ တိုးတက် သာယာလာနိုင်မယ်။ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်သက်တာတွေ အထွေထွေ ဗဟုသုတလေး တွေ ပါလာနိုင်မယ်ဆိုရင် ဒီကလေးတွေ အလုပ်လုပ်နေတဲ့ လက်ဖက်ရည်ဆိုင်တွေမှာလည်း ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်နေတာပါ။ အခုလောလောဆယ် ဆိုင် ၂ ဆိုင်နဲ့ တပတ်ကို ၆ ရက် သင်နေပါတယ်။ နောက်အပတ်ကစတင်ပြီး တောင်ဥက္ကလာမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် ၅ ဆိုင်လောက်နဲ့ သဘောတူညီချက်ရထားပြီးပါပြီ။”

လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေရတဲ့ ကလေးတွေဟာ မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် စာသင်ကျောင်းကို စွန်ခွာပြီး အလုပ်ခွင်ဝင်လာရသူတွေလဲ ဖြစ်ပါတယ်။

သူတို့ ရရှိတဲ့လစာတွေကို နေအိမ်က မိဘတွေနဲ့ မောင်နှမတွေကို့ ပြန်ထောက်ပံ့ ပေးနေကြရတာ ဖြစ်ပါတယ်။

စာသင်ကြားဖို့ လက်ဖက်ရည်ဆိုင်တွေကို သွားတဲ့အခါ ကလေးအများစုက ကျောင်းပြန်တက်လိုကြတယ်လို့ ဆိုပြီး တချို့ဆို သိမ်းထားတဲ့ ကျောင်းစိမ်းဝတ်စုံလေးတွေပါ ၀တ်ဆင်ပြီး လာတက်ကြတယ်လို့ သူက ဆိုပါတယ်။

My ME အဖွဲ့အနေနဲ့ လက်ရှိမှာ စာသင်ကြားတဲ့ ကား ၁ စီးသာ ရှိသေးပြီး ၄ စီးအထိ တိုးချဲ့သွားဖို့လဲ ရှိနေပါတယ်။

ရှေ့ပြေးအစီအစဉ်အဖြစ် ၆ လ ဆွဲထားတာဖြစ်ပြီး တခြားတိုင်းရင်းသားနယ်ပယ်တွေမှာ အလားတူ ဆောင်ရွက်ချင်ရင် ကူညီမယ်လို့ ဦးတင်မောင်မောင်အေးက ကမ်းလှမ်းလိုက်ပါတယ်။

ဆရာများသမဂ္ဂအဖွဲ့က လက်ထောက်ကထိက ဦးအာကာမိုးသူကတော့ ဒီလို လုပ်ဆောင်ချက်တွေဟာ ကလေးလုပ်သားတွေရဲ့ ဘ၀တဆစ်ချိုး ပြောင်းသွားနိုင်သလို အများအပြား ရှိသင့်တဲ့အရာမျိုးပါလို့ ပြောဆိုလိုက်ပြီး ဆရာများသမဂ္ဂအနေနဲ့လဲ ပညာရေး တိုးတက်ဖို့ ဒီလိုအဖွဲ့တွေနဲ့ ဆွေးနွေးလိုတယ်လို့ ဖိတ်ခေါ်ပါတယ်။
ဆရာများသမဂ္ဂအဖွဲ့က လက်ထောက်ကထိက ဦးအာကာမိုးသူ က “ပညာရေးတွေ မူဝါဒတွေကို ဒီလိုအဖွဲ့တွေက လုပ်ဆောင်ချက်တွေ အခက်အခဲတွေကို လာတင်ပြမယ်ဆိုရင် တော်တော်ထိရောက်မယ် ဟာမျိုးလို့ မြင်တယ်။ ကျနော်တို့လည်း အဲဒီလို အဖွဲ့တွေနဲ့ အများကြီးတွေ့ချင်တယ်။ ကျနော်တို့လည်း သူတို့ မူဝါဒတွေကို ရမယ်။ မူဝါဒတွေကို အပြန်အလှန် ဖလှယ်လို့ရမယ်။ ပြည်သူလူထုရဲ့ကောင်းကျိုးတွေကို အပြန်အလှန် ဆောင်ရွက်လို့ရတဲ့ အနေအထားတခုရမလာမယ်။ ကျနော်လက်ခံတယ် အဲဒီအမြင်ကို။ အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ ဖိနှိပ်ခံနေရတဲ့ အလုပ်သမားဘ၀ကနေ ရုန်းထွက်သွားစေနိုင်တဲ့ အစီအစဉ်ပါ”လို့ ပြောပါတယ်။

မြန်မာပြည်မှာ ပညာသင်ကြားခွင့် မရရှိတဲ့ကလေးလုပ်သား များစွာရှိပြီး ကမ္ဘာတဝှမ်းတွင် အရွယ် မရောက်သေးသည့် ယောက်ျားလေး ၁၂၇ သန်းနဲ့ မိန်းကလေး ၈၈ သန်းတို့ ကလေး လုပ်သား ခိုင်းစေခြင်းခံနေရဆဲ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013