DVB Logo
Home
မြန်မာသတင်း
ဆောင်းမတ်ပဲ နှစ်ပတ်‌ကျော်စောဝင်၊ ကာလတူအချိန်ထက် ကျပ် ၄ သောင်းခန့် မြင့်တက်
DVB
·
December 16, 2021
ဆောင်းမတ်ပဲ နှစ်ပတ်‌ကျော်စောဝင်၊ ကာလတူအချိန်ထက် ကျပ် ၄ သောင်းခန့် မြင့်တက်
Donate to DVB

မန္တလေးပဲဈေးကွက်အတွင်းကို ၂၀၂၂ ပဲရာသီမှာ ပထမဆုံးအနေနဲ့  ဆောင်းမတ်ပဲ နှစ်ပတ်ကျော် စောဝင်ရောက်လာပြီး မနှစ်က ကာလတူအချိန်ထက် ကျပ် ၄ သောင်းလောက်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ မန္တလေးပဲနှမ်းကုန်သည်တွေဆီက သိရပါတယ်။

မနှစ်က ကာလတူ ဈေးနှုန်းဟာ မတ်ပဲ ၃တင်း ဝင်တစ်အိတ်ကို ငွေကျပ် ၈၅၀၀၀ လောက် ရှိခဲ့ပြီး ဒီနှစ်မှာတော့ ငွေကျပ် ၁၂၅၀၀၀ လောက်အထိ ဈေးနှုန်းရှိနေတယ်လို့ သိရပါတယ်။

နှစ်တိုင်း ဒီဇင်ဘာ လကုန်လောက်မှာ မတ်ပဲ စတင်ဝင်ရောက်တတ်ပေမယ့် အခုနှစ်မှာတော့ ဒီဇင်ဘာ ဒုတိယအပတ်ထဲ စတင်ဝင်ရောက်နေတာလို့ မန္တလေးမြို့က ပဲကုန်သည်တစ်ဦးက ပြောပါတယ္။

“ဒီနေ့ ဝင်ရောက်တဲ့မတ်ပဲအနေနဲ့ကတော့ ယမန်နှစ်ကနဲ့စာရင် မတ်ပဲအထွက်က ဒီနှစ်မှာ စောတယ်လို့ပြောရမယ်။ ပြီးခဲ့တဲ့နှစ်က ဒီဇင်ဘာလကုန်လောက်မှ မတ်ပဲအသစ်က ကျနော်တို့ စတင်ပြီးတော့ ဝင်ရောက်ပါတယ်။ အခု မတ်ပဲက နှစ်ပတ်ကျော်လောက်စောပြီးတော့ ဒီနှစ်ဝင်ရောက်တာ။”

ဒီဇင်ဘာ လဆန်းပိုင်းမှာတုန်းက မတ်ပဲ ပေါ်ပေါ်ချင်း ၃တင်းဝင် တစ်အိတ်ကို ငွေကျပ် ၁ သိန်း ၃ သောင်းလောက်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကသာ၊ ထီးချိုင့်၊ မတ္တရာ၊ စဉ့်ကူး နယ်တွေက စတင်ထွက်ရှိနေပြီဖြစ်ပြီး မကြာမီ ပခုက္ကူ၊ မြင်းခြံ ဒေသတွေက ဆောင်းမတ်ပဲ စတင် ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကာလတူဈေးနှုန်းကလည်း ပြီးခဲ့တဲ့နှစ်က ၃ တင်း ၁ အိတ်ကို ၈ သောင်းခွဲနဲ့ ၉ သောင်းကြားမှာရှိတယ်။ အခုပေါ်ပေါ်ချင်း ၁၂၅,၀၀၀ နဲ့ ၁၃၀,၀၀၀ အထိ ဝယ်လက်တွေက အမြင့်ဈေးနဲ့ဝယ်ယူတာတွေ့ရတယ်။ ကျနော်တို့အထက်အညာဒေသမှာတော့ မတ်ပဲက အခုလိုမျိုးနှစ်စဉ် နှစ်စဉ်ပဲ ဒီဇင်ဘာလကုန်နဲ့ ဒီဇင်ဘာလလယ်လောက်မှာ ထွက်ရှိနေကျ။ ဒါ အောက်မြေအောက်ရွာ ကျနော်တို့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မုံရွာတိုင်းမှာတော့ မတ်ပဲထွက်ရှိတာက ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းမှာ စတင်ထွက်ရှိမှာပါ” လို့ မန္တလေးမြို့က ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသတွေမှာ တစ်နှစ်ကို သီးထပ်အနေနဲ့ နှစ်ကြိမ်စိုက်ပျိုးလေ့ရှိကြပြီး ရေသွင်းမတ်ပဲကတော့ ကုန်းဒေသတွေမှာ စိုက်ပျိုးမှုများပြားပါတယ်။

ဆောင်းမတ်ပဲဟာ ရေသွင်းမတ်ပဲထက် အင်အားအများအစားထွက်ရှိတဲ့ ပဲဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013