DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မြန်မာသံရုံး ဗုံးခွဲရန်ကြံသူ အဓိကခေါင်းဆောင်ကို ထောင်ဒဏ်ချမှတ်
DVB
·
January 22, 2014
မြန်မာသံရုံး ဗုံးခွဲရန်ကြံသူ အဓိကခေါင်းဆောင်ကို ထောင်ဒဏ်ချမှတ်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ အကြံအစည်ကို ကြိုးကိုင်စီစဉ်ခဲ့တဲ့ အစ္စလာမ် အစွန်းရောက် ဆီဂစ် အင်ဒရာဂျစ်ကို ဂျကာတာ တောင်ပိုင်းခရိုင် တရားရုံးတရုံးကနေ ဇန်န၀ါရီလ ၂၁ ရက်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

densus884အသက် ၂၃ နှစ်အရွယ် ဆီဂစ်ဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေက လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်မှုအတွက် လက်စားချေတဲ့အနေနဲ့ ဂျကာတာရှိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့အဖွဲ့ကို ဦးဆောင်ခဲ့တာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ ပထမဆုံးရုံးတင် စစ်ဆေးကြားနာချိန်မှာပဲ ၀န်ခံ ထွက်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေ ၂ ရက်နေ့က မြို့တော် ဂျကာတာမှာ မော်တော်ဆိုင်ကယ် စီးလာတဲ့ ကြံစည်သူ ၂ ယောက်ကို ရဲက ဖမ်းမိချိန်မှာ အဲဒီ အကြံအစည် ပျက်ခဲ့ရပြီး ဖမ်းမိသူတွေထဲက တယောက်မှာ ပိုက်နဲ့ ဗုံးခွဲလို့ရတဲ့ ဗုံးတွေအပြည့် ထည့်ထားတဲ့ကျောပိုးအိတ်ကို သယ်လာတာလဲ တွေ့ခဲ့ရတာပါ။

သူတို့တွေဟာ အဲဒီနေ့ကစပြီး တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြံစည်ထားတာလည်း ဖြစ်ပါတယ်။

မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်သူတွေဟာ နီဂါရာ အစ္စလာမ် အင်ဒိုနီးရှားလို့ခေါ်တဲ့ ကွန်ရက်က ဖြစ်ပြီး ဆီဂစ်ဟာ သံရုံးဗုံးခွဲဖို့ကိစ္စမှာ ထောင်ချခံခဲ့ရတဲ့ တတိယမြောက် တရားခံလည်း ဖြစ်ပါတယ်။

တရားရုံးမှာ ရုံးတင်စစ်ဆေးချိန်မှာတော့ သူဟာ ဖေ့ဘွတ် လူမှုကွန်ရက် အင်တာနက် စာမျက်နှာကနေ ရိုဟင်ဂျာတွေ အသတ်ခံရမှုကို လက်တုံ့ပြန်ဖို့ လိုတယ်လို့ မက်ဆေ့တွေ တင်ထားပြီး အဲဒီ ဖေ့ဘွတ်ကနေ တဆင့် သူနဲ့ကြံရာပါ လုပ်ဆောင်မယ့်သူတွေကို တွေ့ရှိခဲ့ပုံတွေကို ထွက်ဆိုခဲ့ပါတယ်။

တရားသူကြီးချုပ် ဟာရီယိုနိုက ဆီဂစ်ဟာ အကြမ်းထက်လုပ်ရပ်ကို လုပ်ဆောင်ဖို့ ကြိုတင် ကြံစည်ထားပြီး ပြစ်မှု ကျူးလွန်ဖို့ကိုလည်း လုပ်ဆောင်နေတာတွေကြောင့် ပြစ်မှု ထင်ရှားတယ်လို့ ပြောခဲ့ပါတယ်။

ဇန်န၀ါရီလ ၂၁ ရက် ပြစ်ဒဏ်ချအပြီးမှာ သေဒဏ်မဟုတ်တဲ့အတွက် ထောင်ဒဏ်ပြီးဆုံးရင် အစ္စလာမ်ဘာသာရဲ့ရန်သူတွေကို ဆက်တိုက်ခိုက်သွားဦးမယ်လို့ ဆီဂစ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013