DVB Logo
Home
နိုင်ငံရေး
မွန် ၂ ပါတီ အဖွဲ့ဝင်များ ပူးပေါင်းသော မွန်အမျိုးသားပါတီ မှတ်ပုံတင်မည်
DVB
·
January 22, 2014
မွန် ၂ ပါတီ အဖွဲ့ဝင်များ ပူးပေါင်းသော မွန်အမျိုးသားပါတီ  မှတ်ပုံတင်မည်
Donate to DVB

မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖွဲ့စည်းထူထောင်ထားတဲ့ မွန်အမျိုးသားပါတီဟာ လာမယ့် ရက်ပိုင်းအတွင်း တရားဝင်ပါတီ ထူထောင်ခွင့်ရဖို့ မှတ်ပုံတင်တော့မှာ ဖြစ်ပါတယ်။

[caption id="attachment_20383" align="alignleft" width="300"]ဒေါက်တာ မင်း​စိုး​လင်း ဒေါက်တာ မင်း​စိုး​လင်း[/caption]ပါတီသစ်အမည်နဲ့ ပြန်လည် ဖွဲ့စည်းထူထောင်ဖို့ သဘောတူထားပြီးတဲ့နောက် ရဟန်းရှင်လူ မွန် ပြည်သူတွေကို တရားဝင် အသိပေးဖို့ လာမယ့် ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ ပါတီရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဒေါက်တာ မင်းစိုးလင်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၆ ရက်နေ့မှာ ၂ ပါတီပေါင်းစည်းပြီးကြောင်း ရဟန်းရှင် လူ ပြည်သူတွေကို အတိအလင်း ကြေညာမယ်။ ကြေညာပြီးနောက်ပိုင်းမှာ မွန်အမျိုးသားပါတီဆိုတဲ့ မှတ်ပုံတင်ကျဖို့ ဆက်လက် လုပ်ဆောင်သွားဖို့အတွက် သဘောတူချက်ရတယ်။ နေပြည်တော် ကော်မရှင်ကနေ အတည်ဖြစ် နိုင်ဖို့ ဆက်လက် မှတ်ပုံတင်သွားမယ်။”

ဒီဆုံးဖြတ်ချက်တွေကို ဇန်န၀ါရီ ၁၉ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ချမှတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013