DVB Logo
Home
မြန်မာသတင်း
ကူညီထောက်ပံ့မှုများ အကျိုးရှိစေရေး နိုင်ငံတကာက လေ့လာရန်လိုအပ်
DVB
·
January 21, 2014
ကူညီထောက်ပံ့မှုများ အကျိုးရှိစေရေး နိုင်ငံတကာက လေ့လာရန်လိုအပ်
Donate to DVB

မြန်မာနိုင်ငံကိုဝင်ရောက်လာနေတဲ့ ကူညီထောက်ပံ့မှုတွေကို အသုံးပြုရာမှာ ပြည်သူ အတွက် အကျိုးကျေးဇူး ရှိစေဖို့ တခြားနိုင်ငံတွေကနေ လေ့လာဖို့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းက တိုက်တွန်းလိုက်ပါတယ်။

poorဇန်န၀ါရီ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြုပြင်ပြောင်းလဲရေး လှိုင်းလုံးနဲ့ အတူ လိုက်ပါ စီးဆင်းခြင်း- အရည်အသွေးကောင်းမွန်သော ကူညီထောက်ပံ့မှုများနဲ့ မြန်မာ့ အနာဂတ် ပန်းတိုင်သို့ လျင်မြန်စွာ သွားရောက်ခြင်း ဆိုတဲ့ Oxfam ရဲ့ အစီရင်ခံစာကနေ အခုလို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မြန်မာကို ၀င်ရောက်လာတဲ့ အကူအညီတွေဟာ နိုင်ငံရဲ့ စီးပွားရေး အလားအလာနဲ့ ဆက်စပ်နေသလို ထောက်ပံ့ ရင်းနှီးမှုတွေအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ပြည်သူတွေကို ပါဝင်စေတာ၊ မညီမျှမှုတွေကို လျှော့ချတာ အားလုံး ပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အတူတကွ ဦးတည်လုပ်ကိုင်တာတွေဟာ ဒီမိုကရေစီကို ပိုအားကောင်းလာနိုင်တယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒီအစီရင်ခံစာ ထုတ်ပြန်ရတာနဲ့ ပတ်သက်ပြီးတော့ Oxfamက မူဝါဒ ဆိုင်ရာ အကြံပေး ဦးငြိမ်းဇာနည်နိုင်က အခုလို ပြောပါတယ်။

“အဓိက မြန်မာနိုင်ငံမှာ ၀င်ရောက်လာနေတဲ့ ကူညီထောက်ပံ့မှုတွေကို ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်အောင်၊ ဘယ်လိုမျိုးကူညီထောက်ပံ့မှုတွေက ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖြစ်စေတယ် ဆိုတဲ့ဟာကို ကျနော်တို့က အိမ်နီးချင်းနိုင်ငံတွေရဲ့ အတွေ့အကြုံတွေမှာ အခြေခံပြီး ကျနော်တို့က အစီရင်ခံစာမှာ အကြံပြုထားတယ်။ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ကဏ္ဍတွေမှာ ထောက်ပံ့မှုတွေ ဘယ်လိုမျိုးနေရာတွေမှာ ဖြစ်သင့်တယ်၊ အားလုံးအတူတကွ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုဦးတည်သင့်သလဲ၊ နိုင်ငံက လက်ရှိသွားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲကိုရော ဘယ်လိုအားကောင်းလာစေမလဲဆိုတာ အကြံပြုတဲ့အနေနဲ့ ကျနော်တို့ ထုတ်တာပါ။ မြန်မာနိုင်ငံမှာ လက်ရှိပေးအပ်နေတဲ့ အကူအညီတွေဟာ အလုပ်မဖြစ်၊ မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ဘူး။ ပိုပြီးထောက်ပံ့ဖို့ဆိုတာ ကူညီထောက်ပံ့မှုတွေ ပေးတဲ့နေရာမှာ ပြည်သူလူထုကို ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ အားနည်းနေသေးတယ်။ ပြည်သူတွေက ဘယ်လိုဟာမျိုးတွေလိုချင်လဲ၊ သူတို့ရဲ့ ပါဝင်မှုတွေ မြှင့်တင်ဖို့၊ ဖွံ့ဖြိုးမှုကလည်း အားလုံး တန်းတူဖွံ့ဖြိုးဖို့လိုတယ်။ ”

ကူညီထောက်ပံမှုတွေဟာ မြန်မာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အဓိက အထောက်အကူ ပြုနိုင်ဖို့ အလားအလာ ရှိတဲ့အကြောင်း အထောက်အပံ့တွေကို ပညာရေး၊ ကျန်မာရေး စောင့်ရှောက်မှုနဲ့ အသေးစား လုပ်ငန်းရှင်တွေကို စီးပွားရေး ကုန်ထုတ်လုပ်ငန်းကြီးများနဲ့ ယှဉ်ပြိုင် ကုန်ထုတ်လုပ်ငန်းတွေ ပိုမို ထုတ်လုပ် နိုင်ဖို့ ထောက်ပံပေးတာတွေဟာ တန်းတူညီမျှမှု ရှိပြီး ပိုမို အကျိုးရှိမယ်လို့လည်း အစီရင်ခံစာမှာ အကြံပြု ထောက်ခံထားပါတယ်။

Oxfamဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အဓိကထားလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး ကမ္ဘာတ၀န်းက နိုင်ငံ ၉၀ မှာ လုပ်ကိုင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ကနေ စတင်ပြီး မြန်မာနိုင်ငံမှာအလုပ်လုပ်ကိုင်ကာ ရခိုင်နဲ့ ကချင်ပြည်နယ်မှာ လူသားခြင်း စာနာမှု အကူအညီတွေ ပေးအပ်နေသလို မြန်မာနိုင်ငံ အပူပိုင်းဒေသတွေမှာ အသက်မွေးဝမ်းကျောင်းပိုင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ၊ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း လူထု အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013