DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရန် ကုလသတိပေး
DVB
·
January 21, 2014
မြန်မာနိုင်ငံတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရန် ကုလသတိပေး
Donate to DVB

မြန်မာနိုင်ငံမှာ ခွေးရူးရောဂါကို ကြိုတင်ကာကွယ်ဖို့ ကုလသမဂ္ဂက သတိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက လေလွင့်ခွေးတွေရဲ့ လေးပုံသုံးပုံကျော်မှာ ခွေးရူးရောဂါရှိတယ်လို့ အတည်မပြုနိုင်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့က ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု သတင်းဌာနတခုဖြစ်တဲ့ IRIN (အီးရင်း) က ထုတ်ပြန်တဲ့ အစဉ်ရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူဦးရေသန်းပေါင်း ၆၀ ခန်ရှိတဲ့ မြန်မာနိုင်ငံမှာ ခွေး ၄ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီအထဲက လူ ၆ သိန်းလောက်ဟာ အကိုက်ခံခဲ့ရပြီး အများစုက ကလေးငယ်တွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။

ခွေးရူးရောဂါ အများစုဟာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း နဲ့ မွန်ပြည်နယ်တွေမှာ အဖြစ်များပြီး အသိပညာပေးတာတွေ လုပ်ဆောင်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

ကမာ့္ဘကျန်းမာရေးအဖွဲ့က ဒေါက်တာ Vinod Kumar Bura က- ကြိုတင်ကာကွယ်ခြင်းဟာ ထိန်းချုပ်တာထက် ပိုကောင်းကြောင်းနဲ့ ပတ်ဝန်းကျင်ကလူတွေပါဖို့ လိုသလို ပြည်သူ့ ကျန်းမာရေး ဌာနတွေကနေလည်း အသိပညာပေးဖို့လိုကြောင်း ပြောပါတယ်။

Dogs copyကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ အာရှေ့တောင်အရှ ဒေသမှာ နှစ်စဉ် လူ ၂၅၀၀၀ လောက်ဟာ ခွေးရူးရောဂါကြောင့် သေဆုံးပြီး ကမ္ဘာတ၀န်းသေဆုံးမှုရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်စဉ် လူ ၁ ထောင်လောက် သေဆုံးနိုင်ပြီး မဖော်ထုတ်နိုင်သေးတဲ့ ခွေးရူးရောဂါကြောင့် သေရတဲ့ ကိစ္စတွေ အများကြီးရှိသေးတဲ့ အကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ကို ခွေးရူးကာကွယ် ဆေး ၁ သောင်း ၆ ထောင်သာ ထုတ်ပေးထားပြီး လုံလောက်မှု မရှိသလို ကာကွယ်ဆေးတခါစာဟာ ၈ သောင်းလောက်ပေးရတဲ့အတွက် ဒီငွေပမာဏကို အသုံးပြုနိုင်သူ နည်းနေတယ်လို့လည်း ဒေသအတွင်း အစီရင်ခံစာက ဆိုပါတယ်။

ခွေးရူးရောဂါ နဲ့ ပတ်သက်ပြီး တိရစ္ဆာန်ချစ်သူတွေက အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာရှိပေမယ့် ခွေးရူးရောဂါ လျော့ကျစေဖို့အတွက် ကာကွယ်ဆေးထိုးတာ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး အာဏာပိုင်တွေလည်း ပါဝင်ဆောင်ရွက်ဖို့လိုကြောင်း တိရစ္ဆာန်ချစ်သူတွေက ပြောနေကြပါတယ်။

ခွေးရူးရောဂါဟာ ကမ္ဘာ့လူသားတရပ်လုံးကို ခြိမ်းခြောက်လျက်ရှိပြီး ကမ္ဘာတွင် ဆယ်မိနစ်လျှင် ၁ ယောက်နှုန်း၊ ၁ နှစ်လျှင် လူ ၅၅,ဝဝဝ လောက် ခွးရူးရောဂါဖြစ်ပွားပြီး သေဆုံးနေပါတယ်။ ခွေးရူးရောဂါဖြစ်ပွားသူ ၉၉ ရာခိုင်နှုန်းဟာ ခွေးရူးရောဂါဖြစ်တဲ့ ခွေးကိုက်လို့ သေဆုံးရတာ ဖြစ်ပါတယ်။

ခွေးရူးရောဂါဟာ လူအပါအ၀င် သွေးနွေးသတ္တ၀ါတွေရဲ့ ဦးနှောက်နဲ့အာရုံကြောတွေကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာပြပါက ကုသလို့ မရတော့ဘဲ သေဆုံးနိုင်ပါတယ်။

ခွေးရူးရောဂါဖြစ်နေတဲ့ ခွေးရဲ့သွားရည်မှာ ခွေးရူးရောဂါ ဗိုင်းရပ်စ်ပိုးရှိနေပြီး အဲဒီ သွားရည်နဲ့ ထိခိုက်၊ ရှနာ၊ ပွန်းပဲ့နာတွေကတဆင့် ကူးစက်နိုင်သလို မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကတဆင့်လည်း ခွေးရူးရောဂါကူးစက်စေနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013