DVB Logo
Home
မြန်မာသတင်း
USD Tether ဒစ်ဂျစ်တယ်ငွေကြေးကို NUG အစိုးရက ပြည်တွင်း၌ တရားဝင်သုံးစွဲခွင့်ပြု
DVB
·
December 13, 2021
USD Tether ဒစ်ဂျစ်တယ်ငွေကြေးကို NUG အစိုးရက ပြည်တွင်း၌ တရားဝင်သုံးစွဲခွင့်ပြု
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဒစ်ဂျစ်တယ်ငွေကြေးစနစ်တခုဖြစ်တဲ့ USD Tether (USDT) ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အခုလက်ရှိဖြစ် ပေါ်နေတဲ့ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ငွေကြေးပေးချေမှုစနစ်တွေ ပိုမိုကောင်းမွန်စေဖို့နဲ့ လွယ်ကူလျင်မြန် စေဖို့အတွက်  ဒစ်ဂျစ်တယ်ငွေကြေးတခုဖြစ်တဲ့ USD Tether (USDT)ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင် အသိအမှတ်ပြုလိုက်တာလို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂ဝ ပြည့်နှစ် မေလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာ အမှတ် ၉ / ၂၀၂၀ ကို  ဒီအမိန့်ကြော်ငြာစာနဲ့ လွှမ်းမိုးပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ပတ်သတ်ပြီး လူထုက လက်ရှိအသုံးပြုနေတဲ့ KPay နဲ့ Wave money စတဲ့ Digital wallet တွေကိုသာ အကျွမ်းတဝင်ရှိတာကြောင့် NUG အစိုးရက အကောင်အထည်ဖော်မယ့် ဒစ်ဂျစ်တယ်ငွေကြေး စနစ်သစ်က အလုပ်ဖြစ်ပါ့မလားဆိုတာက လူထုအကြားမှာ ပြောဆိုမှုတွေ ရှိလာပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးက “ကျနော်မြင်တာကတော့ မလွယ်ဘူးထင်တယ်။ ဘာလို့လဲဆို Digital currency နဲ့ ပတ်သက်ပြီး ပြည်တွင်းက လူတွေက ဘယ်လိုလုပ်သွားပြီးလုပ်နိုင်မလဲ။ လောလောဆယ် ကိုယ့်ဘဏ်မှာ ရှိတဲ့ ငွေကိုတောင် in cash နဲ့ လိုချင်နေတာနော်။ Cryptocurrency ၊ Bitcoin တို့ ဒါတွေနဲ့ပတ်သတ်ပြီ ကျနော့်မိတ်ဆွေတွေကို မေးကြည့်တာတောင် ဘယ်သူ့မှ ထားထားတာမရှိဘူးနော်။ ဒါပေမဲ့ ဘယ်လို လူတွေမှာ ရှိမလဲဆိုရင် အမေရိကားကလာတဲ့ နိုင်ငံခြားသားနဲ့ သူတို့ မိတ်ဆွေတွေမှာတော့ ရှိကြတယ်။ ဒါက အရမ်းအကန့်အသတ် ရှိတယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ ပြည်တွင်းက သာမန်ပြည်သူတွေ ကတော့ Bitcoin ၊ Cryptocurrency တို့ဆိုတာ ဘယ်သူ့မှာမှ မရှိကြဘူး။ ဆိုတော့ ဒီငွေကြေးစနစ်က ကျနော်တို့လည်း မသုံးဘူးတော့ ဘယ်လိုလာမလဲဆိုတာ မသိဘူးနော်။ ကျနော်တို့ ဆီမှာ Digital ငွေကြေးနဲ့ပတ်သတ်ပြီး ပြောလာရင် များသောအားဖြင့် လူတွေရဲ့ မျက်လုံးထဲမှာ ပြေးမြင်တာက Wave money ၊ KPay တို့ပဲ မြင်ယောင်တာနော်။ ဒါကလည်း မိုဘိုင်းနဲ့ပဲလုပ်တာပဲ။ ဒါတောင် မြန်မာကျပ်ပဲ ရှိတာနော်။ US Dollar အကောင့်က တော်ရုံတန်ရုံ ဘယ်သူ့ဆီမှာမှရှိတာ မဟုတ်ဘူး။ အဲ့တော့ ခုနကပြောတဲ့ Cryptocurrency ဒီငွေကြေးစနစ်က ဘယ်လိုလူမျိုးနဲ့မှ ဖြစ်မှာလဲဆိုရင် ကျနော်မြင်တာက ပြည်တွင်းကနဲ့တော့ သိပ်ပြီး အလုပ်ဖြစ်မှာ မဟုတ်ဘူး။ နိုင်ငံခြားမှာ ရောက်နေတဲ့ လူတွေတောင် advance ဖြစ်တဲ့ လူတွေလောက်ပဲ ရှိကြတာ၊ သိကြတာ” လို့ပြောပါတယ်။

နည်းပညာလေ့လာသူတဦး၏အမြင်ကတော့ “ကျနော် ထင်တာက အခု ကျနော်တို့ လွှဲနေကြသလိုမျိုးပေါ့၊ တယောက်ယောက်က ဆက်သွယ်လာပြီး အကောင့်တခုဆီ လွှဲပေးရလိမ့်မယ်။ လွှဲပေးပြီးသွားရင် ကျန်တဲ့အပိုင်းကို မသိရတော့ဘူး။ သူ့လုပ်ဆောင်ချက်ရဲ့ အဓိကက နှစ်ယောက်ကြားမှာရှိတဲ့ ယုံကြည်မှုကိုပဲ ယူလိုက်တာ။ နောက်တချက်က ကြားထဲမှာ ရှိတဲ့သူကလည်း ပိုက်ဆံအတွက် Coin တွေကို ဝယ်ထားသလိုမျိုး ဝယ်ထားရမှာပဲ။ သူဝယ်ထားတဲ့ Coin တွေကို ဖလှယ်ဖို့များတယ်။ နောက်တခုက ထိရောက်မလား၊ မထိရောက်ဘူးလားဆိုတာက သူတို့ရဲ့ promote လုပ်တဲ့ပုံစံနဲ့ ယုံကြည်တဲ့အပေါ် မှာတော့ မူတည်လိမ့်မယ်။ ဒါက နိုင်ငံတကာမှာ တကယ်သုံးလာတဲ့အခါ ဥပဒေနဲ့လုပ်ကြတာပဲ။ ဥပဒေနဲ့လုပ်တဲ့အခါမှာလည်း ရှေ့ကဝင်တဲ့ အပေါက်နဲ့ နောက်ကထွက်တဲ့ အပေါက်ကိုပဲ ဥပဒေနဲ့သတ်မှတ်တာ လုပ်လို့ရမယ်။ ကြားကနေ သွားတဲ့ဟာကိုတော့ trace လိုက်လို့မရဘူးနော်” လို့ဆိုပါတယ်။

ဒါကြောင့် တရားဝင်ဖို့အတွက်ကလည်း ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေသေးတယ်လို့ အဆိုပါပုဂ္ဂိုလ်က ထောက်ပြပြောပါတယ်။

“နောက်တခုက တရားဝင်လည်း မဖြစ်သေးဘူး။ ဘာလို့လဲဆို ဥပဒေပြဋ္ဌာန်းထားတာလည်း မရှိသေးဘူးနော်။ ဥပဒေ မထုတ်လို့ကတော့ တော်တော်လေးကို ဆုံးရှုံးသွားနိုင်တဲ့သူက ဆုံးရှုံးသွားနိုင်တယ်လေ။ အတွင်းကလူက နည်းပညာရဲ့ process ကို မသိတာ အကြောင်းမဟုတ်ဘူး။ ဒါပေမဲ့ မတိုင်ခင်နဲ့ process ပြီးသွားပြီး ပြန်ထုတ်တဲ့ ကြားမှာ ဥပဒေအရ သတ်မှတ်ပေးဖို့တော့ လိုတယ်။ နောက်တချက်က ဥပမာ ပမာဏဘယ်လောက်အထိပဲ သုံးခွင့်ရှိတာလို့ ဘယ်လိုကိစ္စ အကြောင်းမျိုးကို သုံးခွင့်ရှိတာ ဒါမျိုးလေးတွေ နမူနာပြောတာ ဖြစ်လာနိုင်ခြေရှိတယ်။ သေချာတာကတာ့ ဥပဒေနဲ့ ထိန်းကို ထိန်းရမယ်” လို့ပြောပါတယ်။

Tether(USDT) ဟာ   Stablecoins  တွေထဲမှာ လူသိများထင်ရှားဆုံးတခုဖြစ်ပြီး    အမေရိကန်ဒေါ်လာဈေးနဲ့ တန်ဖိုးတူထိန်းဖို့ ဖန်တီးထားတဲ့  ဒစ်ဂျစ်တယ်ငွေကြေး  ငွေကြေးတခုဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ  ပြည်သူလူထုတွေ USDT ကို ဘယ်အချိန်မှာ ဘယ်လို စတင်အသုံးပြုနိုင်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ NUG အစိုးရက အသေးစိတ်ထုတ်ပြန် ကြေညာထားတာတော့ မရှိသေးပါဘူး။ 

Photo- Cryptosiam

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013