DVB Logo
Home
မြန်မာသတင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှခရီးစဉ် စတင်
DVB
·
December 13, 2021
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှခရီးစဉ် စတင်
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ အရှေ့တောင်အာရှခရီးစဉ်ကို ဒီဇင်ဘာ ၁၃ ရက်ဒီနေ့စတင်ခဲ့ပြီး တရုတ်နဲ့ ဆက်ဆံရေးအပြင် မြန်မာနိုင်ငံအရေးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါလို အရေးကိစ္စတွေကို ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အင်ဒိုနီးရှားကို ဒီနေ့စတင်သွားရောက်မှာဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ မလေးရှားနဲ့ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံကို သွားရောက်ကာ ခရီးစဉ်ကို ဒီဇင်ဘာ ၁၆ ရက်နေ့ အပြီးသတ်မယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်တိုက်လိုလိုဖြစ်နေတဲ့ သံတမန်ရေးနဲ့ စီးပွားရေး တင်းမာမှုတွေကြားမှာ အရှေ့တောင်အာရှ သုံးနိုင်ငံရဲ့ ရပ်တည်ချက်ကို အကဲဖြတ်မယ်လို့ မျှော်လင့်ရကြောင်း နစ်ကေးအေရှား ဂျပန်သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ ဒေသတွင်း တောင်တရုတ်ပင်လယ်ဆိုင်ရာ ရေကြောင်းပိုင်နက်အပေါ် ဖိအားတွေ ပေးမှုတွေရှိနေပေမဲ့ အာဆီယံကို ကာကွယ်ဆေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီတွေပေးပြီး ဆွဲဆောင်ထားတယ်လို့ ဆိုပါတယ်။

မစ္စတာ ဘလင်ကန်ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတစ်ခုစီရှိ အကျပ်အတည်းကို ဖြေရှင်းပေးသွားမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဖေဖော်ဝါရီလ အာဏာသိမ်းပြီကတည်းက စစ်တပ်က တင်းတင်းမာမာ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတွင်းက ဖြစ်ပေါ်တိုးတက်မှုတွေအတွက်   အလွန်အမင်း စိုးရိမ်ကြောင်း G-7 နဲ့ အာဆီယံတို့က ပူးတွဲ သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ဂျကာတာမှာ  သမ္မတ ဂျိုကို ဝီဒိုဒို အပါအဝင် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဘလင်ကန်ရဲ့ ခရီးစဉ်ဟာ နိုင်ငံတွေရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ အပြန်အလှန် ဆက်ဆံမှု အဆင့်မြင့်တင်တာဖြစ်တယ်လို့  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမေရိကန်နဲ့ ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်  ဂီဒီနူရာဆဝါဂျာယာက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အစိုးရသစ်နဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့ ၀န်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွဘ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ရပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေ ရှာဖွေရေး နည်းလမ်းတွေ ဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

REF- Nikkei Asia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013