DVB Logo
Home
Lead Story
သမ္မတ လယ်ယာမြေဖြေရှင်းမှု သ၀ဏ်လွှာ အမတ်များ ကန့်ကွက်
DVB
·
January 21, 2014
သမ္မတ လယ်ယာမြေဖြေရှင်းမှု သ၀ဏ်လွှာ အမတ်များ ကန့်ကွက်
Donate to DVB
လယ်ယာမြေပြဿနာ ဖြေရှင်းဖို့ အမှု စုစုပေါင်း ၇၄၅ မှု ရှိတဲ့အနက် ၂ လ အတွင်း ၄၁၈ မှု ဖြေရှင်းပေးနိုင်ခဲ့တယ်လို့  လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။

parliment 1ဇန်န၀ါရီ ၂၁ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောလိုက်တာဖြစ်ပြီး သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအနက် ဧက ၂ သိန်း ၃ သောင်းကျော် နဲ့ ပတ်သက်ပြီး ဖြေရှင်းပြီးပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်နည်း ဘယ်ပုံ ဖြေရှင်းခဲ့တယ်၊ ပြည်သူတွေကို ဘယ်လောက် ပြန်ပေးလိုက် တယ်ဆိုတာ မပါတဲ့အတွက် လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

ဒါ့အပြင် အမတ်တချို့က နောက်ထပ် တင်ပြထားတာတွေလည်း အများကြီး ရှိနေပြီး ပြည်ထောင်စုဒုဝန်ကြီး ရှင်းတဲ့အထဲမှာ အဲလို ကိစ္စတွေ မပါဝင်လို့ ကန့်ကွက်တယ်လို့ ပြောဆိုကြပါတယ်။

အလားတူ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ အစီရင်ခံစာကို ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ရခိုင်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေရာဒေသအသီးသီးက အမတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

ကန့်ကွက်ပြောဆိုမယ့် အမတ်တွေ များတဲ့အတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကန့်သတ် ရပ်နားစေခဲ့ရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013