DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း မီးရထားအိမ်ရာက ဝန်ထမ်းများကို စစ်ကောင်စီက ဖိအားပေးနှင်ထုတ်
DVB
·
December 13, 2021
မန္တလေးတိုင်း မီးရထားအိမ်ရာက ဝန်ထမ်းများကို စစ်ကောင်စီက ဖိအားပေးနှင်ထုတ်
Donate to DVB

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မီးရထားဘူတာအနီးမှာနေထိုင်ကြတဲ့ မီးရထားဝန်ထမ်းမိသားစု ၁၀၀ ကျော်ကို ဒီဇင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး မီးရထားအိမ်ရာကနေ ထွက်ခွာဖို့ စစ်ကောင်စီက သတိပေးစာထုတ်ပြန် နှင်ထုတ်နေပါတယ်။

၁၉၅၅ အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်းအက်ဥပဒေ ပုဒ်မ ၃ အရ အကြောင်းကြားစာရောက်တဲ့ ရက်ကနေ နှစ်ပတ်အတွင်း အစိုးရအိမ်ဥပစာကနေ ထွက်ခွာဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ 

သတ်မှတ်ထားတဲ့ရက်အတိုင်း မထွက်ခွာပါက အတင်းအကျပ်ဖယ်ရှားမယ်လို့ မန္တလေးတိုင်း မြန်မာ့မီးရထား တိုင်းတာဝန်ခံလက်မှတ်နဲ့ ခြိမ်းခြောက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ အနိုင်ကျင့် နှင်ထုတ်မှုအတွက် မီးရထားဝန်ထမ်းတွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီကို အကူအညီတောင်းခံစာ ပေးပို့ထားတယ်လို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

မီးရထားအိမ်ရာမှာ နေထိုင်တဲ့ မိသားစု ၁၀၀ ကျော်ထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်အများအပြား ပါဝင်နေတာကြောင့် အချိန်တိုအတွင်း နေရာဖယ်ပေးဖို့နဲ့ တခြားနေရာမှာ နေထိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတဝန်းက မီးရထားဝန်ထမ်းအများစုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ အငြိုးထားဖိအားပေးတာကို ခံနေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013