DVB Logo
Home
မြန်မာသတင်း
မုံရွာအခြေစိုက် သတင်းထောက် ကိုမင်းသိုက်ထွန်းအပါအဝင် လူငယ် ၁၂ ဦး ဖမ်းဆီးခံရ
DVB
·
December 13, 2021
မုံရွာအခြေစိုက် သတင်းထောက် ကိုမင်းသိုက်ထွန်းအပါအဝင် လူငယ် ၁၂ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ Regional News Agency သတင်းဌာနက သတင်းထောက် ကိုမင်းသိုက်ထွန်းအပါအဝင် လူငယ် ၁၂ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၂၀၀ နီးပါးနဲ့ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“မနေ့ နေ့လယ် ၂ နာရီ လောက်မှာ မုံရွာမြို့ အလုံဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စစ်အင်အား ၂၀၀ လောက်ဝိုင်းပြီးဖမ်းဆီးသွားတယ်။ ဖမ်းဆီးချိန်မှာ သေနတ်ပစ်ဖောက် ရိုက်နှက်ဖမ်းဆီး သွားတယ်” လို့ မျက်မြင်တဦးက ပြောပါတယ်။

ကိုမင်းသိုက်ထွန်းဟာ မုံရွာနယ်မြေခံ သတင်းထောက်တစ်ယောက်ဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းဌာနတွေကို စစ်ကောင်စီရဲ့ ဥပဒေချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ စတဲ့သတင်းတွေ ရေးသားပေးပို့နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် သတင်းသမား စုစုပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရကာ ၆၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ၃၅ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Myanmar Press Freedom In-Depth  ကထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013