DVB Logo
Home
မြန်မာသတင်း
မလေးတွင် တရားမ၀င်အလုပ်သမားများ စတင်ဖမ်းဆီး
DVB
·
January 21, 2014
မလေးတွင် တရားမ၀င်အလုပ်သမားများ စတင်ဖမ်းဆီး
Donate to DVB

မလေးရှားနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမ၀င် နိုင်ငံခြားသား အလုပ်သမား တွေကို ဖမ်းဆီးတဲ့ စီမံချက်ကို ဇန်န၀ါရီ ၂၀ ရက်နေ့ ညသန်းခေါင်က စတင်လိုက်ပါတယ်။

နိုင်ငံပိုင် ရုပ်သံအာတီအမ်မှာ ရဲအဖွဲ့က ကွာလာလမ်ပူမြို့တော်နဲ့ ဆီလန်ဂေါ ပြည်နယ်တ၀ိုက်မှာ ရွှေ့ပြောင်းအလုပ်သမား ၁ ထောင်ကို လက်မှတ်တွေ စစ်ဆေးနေတာ ပြသပါတယ်။

malaysiaအစစ်ဆေးခံရတဲ့ အလုပ်သမားတွေထဲမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံက အလုပ်သမားတွေ  ပါဝင်တယ်လို့ သတင်းက ဆိုပါတယ်။

မလေးရှားမှာ လောလောဆယ် နိုင်ငံခြားသား အလုပ်သမားတွေ အရေအတွက် ဘယ်လောက် ရှိနေသလဲဆိုတာကို မသိဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီး အာမက် ဇာဟစ် ဟာမီဒီက ပြောပါတယ်။
ဒါပေမယ့် ခိုင်လုံတဲ့ အထောက်အထား လက်မှတ်မပြနိုင်ရင် ဖမ်းဆီးပြီး ၇ ရက်အတွင်း ပြန်ပို့မယ်လို့ ပြောပါတယ်။

“လောလောဆယ် တရားမ၀င် အလုပ်သမား ဘယ်လောက် ရှိသလဲဆိုတာ အတည်မ ပြုနိုင်ပါဘူး။ အားလုံးကိုတော့ အမြန်ဆုံး ပြန်ပို့ပါမယ်၊ ပြန်မပို့ခင်မှာ ထိန်းသိမ်းရေးစခန်းမှာ ကြာနေတာမျိုး မဖြစ်အောင် သေချာလုပ်ပါမယ်။”

ပြန်ပို့တဲ့ ကုန်ကျစရိတ်တွေကိုတော့ တရားမ၀င် အလုပ်သမားတွေ ကိုယ်တိုင်၊ ဒါမှမဟုတ် သက်ဆိုင်ရာအစိုးရတွေက ကျခံရမယ်လို့  အခု စီမံချက်ကို ဦးစီးကွပ်ကဲနေတဲ့ မလေးရှား ပြည်ထဲရေး ဒုဝန်ကြီး ဂျူနိုင်ဒီ ၀မ် တွမ်ကူ ဂျက်ဖာ (Junaidi Wan Tuanku Jaafar) က ပြောပါတယ်၊

“တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သက်ဆိုင်ရာ သံရုံးတွေ၊ အစိုးရတွေက သူတို့ နိုင်ငံသားတွေအတွက် ကုန်ကျစရိတ်တွေကို ကျခံရပါမယ်၊ မလေးရှားအစိုးရက တာဝန်မယူပါဘူး။”
မလေးရှားနိုင်ငံဟာ နိုင်ငံခြားသား အလုပ်သမားတွေကို အကြီးအကျယ် မှီခိုနေရတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

မလေးရှားမှာ ကော်လံဖြူအလုပ်သမားတွေကနေ အိမ်အကူနဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေအထိ ရှိပါတယ်။

မလေးရှားမှာ လုပ်သားအင်အားရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂ သန်းဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး 6P အစီအစဉ်လုပ်ဆောင်ပြီးနောက် အခု ဒီစီမံချက်ကို စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013