DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အသက်အကြီးဆုံးစာရင်းဝင် အသက် ၁၂၈ နှစ်အရွယ် အဘွားဒေါ်ထွေး ကွယ်လွန်
DVB
·
December 11, 2021
မြန်မာနိုင်ငံတွင် အသက်အကြီးဆုံးစာရင်းဝင် အသက် ၁၂၈ နှစ်အရွယ်  အဘွားဒေါ်ထွေး ကွယ်လွန်
Donate to DVB

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ရှမ်းကျေးရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာမှာ နေထိုင်ပြီး မြန်မာနိုင်ငံမှာ အသက်အကြီးဆုံးလို့သတ်မှတ်ခံထားရတဲ့ အသက် ၁၂၈ နှစ်ရှိ ဘွားသက်ရှည် (ခ) အဘွား ဒေါ်ထွေးဟာ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၆ နာရီမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

မိသားစုဝင်တဦးက ''အဘွားမှာက နှလုံးရောဂါအခံရှိတယ်။ ရာသီကလည်းအေးလာတော့ ကြပ်ပြီးမောတယ်။ အရမ်းကြီးတော့ မခံစားသွားရပါဘူး။ ငြင်ငြင်သာသာပဲ အသက်ထွက်သွားပါတယ်။ မီးစာကုန်ဆီခန်းတဲ့သဘောပါပဲ'' လို့ ပြောပြပါတယ်။

အဘွားသက်ရှည် ဒေါ်ထွေးရဲ့ မှတ်ပုံတင်မှာပါတဲ့ မွေးသက္ကရာဇ်ဟာ မြန်မာနှစ် ၁၂၅၅ ခုနှစ်ဖြစ်တာကြောင့် ကွယ်လွန်ချိန်မှာ အသက် ၁၂၈ နှစ်ရှိပြီး မကွယ်လွန်ခင်က အဘွား ဒေါ်ထွေး ကို မြန်မာနိုင်ငံမှာ အသက်အကြီးဆုံးအဖြစ် ၃ နှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရပါတယ်။

အဘွားဒေါ်ထွေးရဲ့ နာရေးကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့မှာ နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို အဘွား ဒေါ်ထွေးက လက်ခံခဲ့ပြီး တခြားလိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်းသွားနိုင်ခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013