DVB Logo
Home
မြန်မာသတင်း
သိုလှောင်ရုံ အာမခံစနစ် အကောင်အထည် ဖော်မည်
DVB
·
January 20, 2014
သိုလှောင်ရုံ အာမခံစနစ် အကောင်အထည် ဖော်မည်
Donate to DVB

စပါးပေါ်ချိန် စပါးဈေးကောင်းမရလို့ နစ်နာနေတဲ့ လယ်သမားတွေ အဆင်ပြေလာအောင် “သိုလှောင်ရုံ အာမခံစနစ်” အကောင်အထည် ဖော်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ဒေါက်တာစိုးထွန်းက ပြောပါတယ်။

Farmers scatter rice to clean it after collection from a field at Naypyitawဒီအစီအစဉ် အကောင်အထည် ပေါ်လာရင် လယ်သမားတွေဟာ စပါးဈေးကျနေတဲ့ စပါးပေါ်ချိန်မှာ ကျဈေးနဲ့ ရောင်းစရာမလိုဘဲ စနစ်တကျ တည်ဆောက်ထားတဲ့ သိုလှောင်ရုံတွေမှာ စပါးကို သွားရောက် အပ်နှံနိုင်မှာဖြစ်ပြီး သိုလှောင်ရုံက လယ်သမားကို အာမခံ လက်မှတ် ထုတ်ပေးမယ်လို့ ပြောပါတယ်။

လယ်သမားအနေနဲ့ အဲဒီ အာမခံလက်မှတ်ကို အပေါင်ပြုပြီး ဘဏ်မှာ ငွေချေးနိုင်မယ့်အကြောင်း၊ နောက်ပိုင်း စပါးဈေးတက်တဲ့အခါ လယ်သမားအနေနဲ့ သူ့စပါးကို ထုတ်ရောင်းနိုင်မှာဖြစ်ကြောင်း၊ ဒီနည်းနဲ့ လယ်သမားတွေ စပါးဈေးနှိမ်ခံရတဲ့ အခြေအနေကနေ သက်သာရာ ရမှာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ဒီအတွက် စပြီး အကောင်အထည် ဖော်မယ့် မြို့နယ်တွေကို ရွေးချယ်တာ၊ သိုလှောင်ရုံတည်ဆောက်မှုနဲ့ စပါးအပ်နှံခ စတာတွေကို ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နေတယ်လို့ ဆိုပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013