DVB Logo
Home
မြန်မာသတင်း
မန္တလေးနှင့်ပြည်ပ လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်
DVB
·
January 20, 2014
မန္တလေးနှင့်ပြည်ပ လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်
Donate to DVB

ပြည်တွင်းနဲ့ပြည်ပလေကြောင်းလိုင်း ၂ ခုက   မန္တလေးမြို့နဲ့ ထိုင်း၊ စင်ကာပူနိုင်ငံ တွေအကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်သစ်တွေ တိုးချဲ့ပြေးဆွဲဖို့ရှိနေတယ်လို့ သက်ဆိုင်ရာ လေကြောင်းဌာနတွေက ပြောပါတယ်။

post-525-0-48233300-1371034181အထက် မြန်မာနိုင်ငံ မန္တလေးမြို့နဲ့ ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မြို့တို့ အကြား ပြည်တွင်းလေကြောင်းလိုင်း တခုဖြစ်တဲ့ Asian Wings  လေကြောင်းက  ခု ဇန်န၀ါရီလ ၂၉ ရက်နေ့က စတင်ပြေးဆွဲမယ်လို့ နိုင်ငံတကာ လက်မှက် အရောင်းဌာန မန်နေဂျာ ဦးမြင့်ဝင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“ချင်းမိုင်ကို ဒီ ၂၉ ရက်နေ့ စဆွဲပါမယ်။ မန္တလေး- ချင်းမိုင် ၁ ပတ်ကို လောလောဆယ်တော့ ၁ ကြိမ်ပဲ ရှိပါသေးတယ်။  ဗုဒ္ဓဟူးနေ့ ၁ ရက်ပဲ ရှိပါသေးတယ်။ စဆွဲတဲ့အချိန်မှာ ပထမဆုံး အသွားအပြန် ၁၀ စောင်ဝယ်ရင် ၁ စောင် လက်ဆောင်ပေးပါတယ်။ ဈေးကွက် ဖွင့်တဲ့သဘောပေါ့။”

မန္တလေး- ချင်းမိုင်   လေယာဉ် လက်မှတ်နှုန်းထားက  အသွားအပြန်  ၃ လ လက်မှတ်ကို  အမေရိကန် ဒေါ်လာ ၃၄၆ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ ပြောပါတယ်။

Asian Wings  လေကြောင်းလိုင်းအတွက်တော့   ပြည်တွင်းခရီးစဉ်တွေ ပြေးဆွဲနေရာကနေ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် တိုးချဲ့ပြေးဆွဲမှုလည်း ဖြစ်ပါတယ်။

အလားတူ ပြည်ပလေကြောင်းလိုင်းတခုဖြစ်တဲ့ စင်ကာပူအခြေစိုက်   Silk Air လေကြောင်းလိုင်းကတော့ လာမယ့်  ဇွန် ၁၀ ရက်နေ့က စပြီး  မန္တလေးနဲ့ စင်ကာပူကို တိုက်ရိုက် လေကြောင်းခရီးစဉ် ပြေးဆွဲဖို့ ရှိနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စင်ကာပူနဲ့ မန္တလေးမြို့တွေအကြား ၁ ပတ်လျှင် ၃ ရက် အင်္ဂါ၊ ကြာသပတေးနဲ့  စနေနေ့တွေမှာ ပျံသန်းမှာ ဖြစ်တယ်လို့  Silk Air  လေကြောင်းလိုင်းရဲ့ ရန်ကုန်ရုံး အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

စင်ကာပူခရီးစဉ်အတွက်  လက်မှတ်ခတွေကတော့ မကြာခင်မှာ ထုတ်ပြန် ကြေညာပေးသွားမယ်လို့ Silk Air  လေကြောင်းလိုင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့  နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ တိုးလာနေသလို ပြည်ပနိုင်ငံတွေနဲ့  လေကြောင်းခရီးစဉ်တွေလည်း တိုးချဲ့ လာနေတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013